ရန်ကုန်တက္ကသိုလ်မှ ဖွင့်လှစ်မည့် ဥပဒေဒီပလိုမာသင်တန်းများကို အွန်လိုင်းမှလျှောက်ရမည်
[ Zawgyi ]
-သန္တာ
[ Unicode ]
ရန်ကုန်တက္ကသိုလ်ကနေ ဖွင့်လှစ်မယ့် ဥပဒေဒီပလိုမာသင်တန်းတွေကို အွန်လိုင်းကနေ လျှောက်ထားရမယ် လို့သိရပါတယ်။
သင်တန်းတက်ရောက်လိုသူတွေဟာ မေ ၃၀ ရက်၊ နံနက် ၉ နာရီတွင် www.uylaw.net မှာ ၀င်ခွင့်ဖောင်ကို ဖြည့်စွက် လျှောက်ထားရမှာဖြစ်ပါတယ်။ တက်ရောက်ခွင့်ရရှိသူတွေကိုတော့ ဇွန် ၄ ရက်မှာ ရန်ကုန်တက္ကသိုလ် ရာမညဆောင်၊ ဥပဒေဌာနမှာ ကြေညာပေးမှာဖြစ်ပါတယ်။ ဖွင့်လှစ်မယ့်သင်တန်းတွေကတော့ စီးပွားရေး လုပ်ငန်းဥပဒေ ဒီပလိုမာသင်တန်း (Diploma in Business Law Course No.21)၊ ပင်လယ်ရေကြောင်းဥပဒေ ဒီပလိုမာသင်တန်း (Diploma in Maritime Law Course No.18) ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေဒီပလိုမာသင်တန်း (Diploma in International Law Course No.16), Diploma in Intellecutual Property Law (DIPI Course No .4 ) တွေပဲဖြစ်ပါတယ်။
သင်တန်းကာလကတော့ ၉ လ ကြာမြင့်မှာဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက် လျှောက်ထားနိုင်ပါတယ်။ သင်တန်းချိန်တွေကတော့ တနင်္လာမှ သောကြာ၊ နံနက် ရ နာရီမှ ၉ နာရီအထိ ဖြစ်ပါတယ်။