ရန်ကုန်တက္ကသိုလ်မှ မြန်မာနိုင်ငံသမိုင်းနှင့် ယဉ်ကျေးမှု ဘွဲ့လွန်ဒီပလိုမာ သင်တန်းအတွက် လျှောက်လွှာခေါ်ယူ
[ Zawgyi ]
-သန္တာ
[ Unicode ]
ရန်ကုန်တက္ကသိုလ်သမိုင်းဌာနမှကြီးမှူးပြီး မြန်မာနိုင်ငံ နှင့်ယဉ်ကျေးမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း Post Graduate Diploma in Myanmar History and Culture (PGDMHC) ကို ဇွန် ၁၀ ရက်တွင် ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းအတွက် လျှောက်လွှာတွေခေါ်ယူနေပါတယ်။
သင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပြီး သင်တန်းကာလ ၈ လ ကြာမြင့်မှာဖြစ်ပါတယ်။ သင်တန်းချိန်တွေကတော့ နံနက် ရ နာရီမှ ၉ နာရီအထိ (တနင်္လာမှ ကြာသပတေးနေ့) အထိ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို မေ ၆ ရက် မှစတင်ကာရယူနိုင်ပြီး မေ ၂၁ ရက် နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။
အသေးစိတ်ကို သမိုင်းဌာန၊ ဝေသာလီဆောင်၊ ရန်ကုန်တက္ကသိုလ် ဖုန်း – ၀၉၄၂၅၂၉၇၂၅၀ ကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်။