[ Zawgyi ]
၂၀၁၉-၂၀၂၀ ခုႏွစ္ ပညာသင္ႏွစ္အတြက္ ရန္ကုန္တကၠသိုလ္မွ ဘြဲ႕လြန္ဒီပလိုမာသင္တန္းေတြကို ဖြင့္လွစ္သင္ၾကားေပးမယ္လုိ သိရပါတယ္။
အဆုိပါသင္တန္းေတြကေတာ့ အဂၤလိပ္စာသင္ၾကားေရး ဒီပလိုမာသင္တန္း၊ အသံုးခ်စိတ္ပညာ ဒီပလိုမာသင္တန္း၊ အသံုးခ်႐ူပေဗဒ ဒီပလုိမာသင္တန္း၊ ေရွးေဟာင္း သုေတသနပညာ ဒီပလိုမာသင္တန္း၊ ကုန္ထုတ္ဓာတုေဗဒ ဒီပလိုမာသင္တန္း၊ စာၾကည့္တုိက္ႏွင့္ သုတပညာ ဒီပလိုမာသင္တန္း၊ မႏုႆေဗဒ ဒီပလိုမာ သင္တန္း၊ လူမႈေရးပညာ ဘြဲ႕လြန္ဒီပလိုမာ သင္တန္း ေတြပဲျဖစ္ပါတယ္။
တက္ေရာက္လုိသူေတြအေနနဲ႔ ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံသားျဖစ္ရမွာျဖစ္ၿပီး တကၠသိုလ္တစ္ခုခုမွ ဘြဲ႕ရရွိၿပီးသူေတြ ေလွ်ာက္ထားတက္ေရာက္ႏုိင္ပါတယ္။ ေလွ်ာက္လႊာေတြကို ရန္ကုန္တကၠသိုလ္၊ ေက်ာင္းသားေရးရာ ႏွင့္ေက်ာင္းေဆာင္ဌာနေတြမွာ ရယူႏုိင္ၿပီး ၂၀၁၉ ခုႏွစ္ ေမလ ၁၅ ရက္ ေနာက္ဆံုးထား ေလွ်ာက္ထားရမွာျဖစ္ပါတယ္။
အေသးစိတ္ကုိေတာ့ သက္ဆုိင္ရာ ဘာသာရပ္ဌာနေတြမွာ စံုစမ္းေမးျမန္းႏုိင္ပါတယ္။
-သႏၲာ
[ Unicode ]
၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွက် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့လွန်ဒီပလိုမာသင်တန်းတွေကို ဖွင့်လှစ်သင်ကြားပေးမယ်လို သိရပါတယ်။
အဆိုပါသင်တန်းတွေကတော့ အင်္ဂလိပ်စာသင်ကြားရေးဒီပလိုမာသင်တန်း၊ အသုံးချစိတ်ပညာ ဒီပလို မာသင်တန်း၊ အသုံးချရူပဗေဒဒီပလိုမာသင်တန်း၊ ရှေးဟောင်း သုတေသနပညာ ဒီပလိုမာသင်တန်း၊ ကုန်ထုတ်ဓာတုဗေဒ ဒီပလိုမာသင်တန်း၊ စာကြည့်တိုက်နှင့်သုတပညာ ဒီပလိုမာသင်တန်း၊ မနုဿဗေဒ ဒီပလိုမာ သင်တန်း၊ လူမှုရေးပညာ ဘွဲ့လွန်ဒီပလိုမာ သင်တန်း တွေပဲဖြစ်ပါတယ်။
တက်ရောက်လိုသူတွေအနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမှာဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ လျှောက်ထားတက်ရောက်နိုင်ပါတယ်။ လျှောက်လွှာတွေကို ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာ နှင့်ကျောင်းဆောင်ဌာန တွေမှာ ရယူနိုင်ပြီး ၂၀၁၉ ခုနှစ် မေလ ၁၅ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။
အသေးစိတ်ကိုတော့ သက်ဆိုင်ရာ ဘာသာရပ်ဌာနတွေမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်။