ရန္ကုန္စီးပြားေရး တကၠသိုလ္တြင္ ဒီပလိုမာသင္တန္းမ်ား ဖြင့္မည္

[ Zawgyi ]

ရန္ကုန္စီးပြားေရး တကၠသိုလ္မွာ ဒီပလိုမာသင္တန္း ၅ ခုနဲ႔ စီးပြားေရးဆုိင္ရာ သင္တန္း ၂ ခု ဖြင့္လွစ္သြားမယ္လုိ႔ သိရပါတယ္။

Certificate in Business Studies(CBS) (၃ လ သင္တန္း)၊ Certificate in Advanced Business Studies (CABS) (၃ လ သင္တန္း)၊ Diploma in Secretarial Management (DSM) (၆ လ သင္တန္း)၊ Diploma in Business Studies (DBS) (၉ လသင္တန္း)၊ Diploma in Management Accounting (DMAc) (၉ လ သင္တန္း)၊ Diploma in Financial Accounting (DFAc) (၉ လ သင္တန္း)၊ Diploma in Development Studies (DipDS) (၉ လ သင္တန္း) ေတြကို ဖြင့္လွစ္ေပးသြားမွာျဖစ္ပါတယ္။

သင္တန္းတက္ေရာက္လုိသူေတြ အေနနဲ႔ CBS,DSM သင္တန္းေတြ အတြက္ တကၠသိုလ္၀င္တန္း (၁၀ တန္း) ေအာင္ျမင္သူ၊ DABS သင္တန္းအတြက္ တကၠသိုလ္တစ္ခုခုဘြဲ႕ရသူ သို႔မဟုတ္ CBS သင္တန္းေအာင္ျမင္ၿပီးသူ၊ Dip.DS သင္တန္းအတြက္ တကၠသိုလ္ တစ္ခုခုမွ ဘြဲ႕ရသူ၊ DBS,DMAc,DFAc သင္တန္းေတြ အတြက္ စီးပြားေရးပညာဘြဲ႕ဒီပလိုမာရရိွသူ သို႔မဟုတ္ CABS/CAA ေအာင္ျမင္ၿပီးသူ သို႔မဟုတ္ တကၠသိုလ္တစ္ခုခုမွ ဘြဲ႕ရရိွထားၿပီး ဘ႑ာေရးႏွင့္ စာရင္းကိုင္ဆုိင္ရာ စီမံခန္႔ခြဲမႈလုပ္ငန္းမ်ားမွာ တာ၀န္ယူလုပ္ကိုင္ေနသူေတြ ျဖစ္ရမွာျဖစ္ပါတယ္။

ေလွ်ာက္လႊာေတြကုိ ၂၀၁၈ ခုႏွစ္၊ ဇြန္လ ၁၅ ရက္ မွ စတင္ထုတ္ယူႏုိင္ၿပီး ဇူလုိင္လ ၂ ရက္ ေနာက္ဆံုးထား ေလွ်ာက္ထား ရမွာျဖစ္ပါတယ္။ CBS,CABS,DSM သင္တန္းကို ဇူလုိင္လ ၂ ရက္မွာလည္းေကာင္း ၊ DBS,DMAc,DFAc,DipDS သင္တန္းေတြကို ဇူလုိင္လ ၉ ရက္မွာလည္းေကာင္း စတင္ဖြင့္လွစ္မွာျဖစ္ပါတယ္။

ေလွ်ာက္လႊာနဲ႔အတူ ဓာတ္ပုံ (၃) ပုံ၊ ဘြဲ႕လက္မွတ္ (သို႔) ေအာင္လက္မွတ္ (မူရင္း/မိတၱဴ)၊ တကၠသိုလ္၀င္တန္း ေအာင္လက္မွတ္ (မူရင္း/မိတၱဴ)၊ ႏိုင္ငံသားစိစစ္ေရးကတ္ (မူရင္း/မိတၱဴ)၊ လုပ္ငန္းဆုိင္ရာေထာက္ခံခ်က္ (မူရင္း) တို႔ကို ယူေဆာင္သြားရမွာျဖစ္ပါတယ္။

အေသးစိတ္ အခ်က္အလက္ကိုေတာ့ ရန္ကုန္စီးပြားေရးတကၠသိုလ္ (ကမာရြတ္နယ္ေျမ) သင္တန္းေရးရာဌာနမွာ စံုစမ္းႏုိင္ပါတယ္။

-သႏၲာ

[ Unicode ]

ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ ဒီပလိုမာသင်တန်း ၅ ခုနဲ့ စီးပွားရေးဆိုင်ရာ သင်တန်း ၂ ခု ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Certificate in Business Studies(CBS) (၃ လ သင်တန်း)၊ Certificate in Advanced Business Studies (CABS) (၃ လ သင်တန်း)၊ Diploma in Secretarial Management (DSM) (၆ လ သင်တန်း)၊ Diploma in Business Studies (DBS) (၉ လသင်တန်း)၊ Diploma in Management Accounting (DMAc) (၉ လ သင်တန်း)၊ Diploma in Financial Accounting (DFAc) (၉ လ သင်တန်း)၊ Diploma in Development Studies (DipDS) (၉ လ သင်တန်း) တွေကို ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

သင်တန်းတက်ရောက်လိုသူတွေ အနေနဲ့ CBS,DSM သင်တန်းတွေ အတွက် တက္ကသိုလ်ဝင်တန်း (၁၀ တန်း) အောင်မြင်သူ၊ DABS သင်တန်းအတွက် တက္ကသိုလ်တစ်ခုခုဘွဲ့ရသူ သို့မဟုတ် CBS သင်တန်းအောင်မြင်ပြီးသူ၊ Dip.DS သင်တန်းအတွက် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရသူ၊ DBS,DMAc,DFAc သင်တန်းတွေ အတွက် စီးပွားရေးပညာဘွဲ့ဒီပလိုမာရရှိသူ သို့မဟုတ် CABS/CAA အောင်မြင်ပြီးသူ သို့မဟုတ် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားပြီး ဘဏ္ဍာရေးနှင့် စာရင်းကိုင်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများမှာ တာဝန်ယူလုပ်ကိုင်နေသူတွေ ဖြစ်ရမှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၅ ရက် မှ စတင်ထုတ်ယူနိုင်ပြီး ဇူလိုင်လ ၂ ရက် နောက်ဆုံးထား လျှောက်ထား ရမှာဖြစ်ပါတယ်။ CBS,CABS,DSM သင်တန်းကို ဇူလိုင်လ ၂ ရက်မှာလည်းကောင်း ၊ DBS,DMAc,DFAc,DipDS သင်တန်းတွေကို ဇူလိုင်လ ၉ ရက်မှာလည်းကောင်း စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။

လျှောက်လွှာနဲ့အတူ ဓာတ်ပုံ (၃) ပုံ၊ ဘွဲ့လက်မှတ် (သို့) အောင်လက်မှတ် (မူရင်း/မိတ္တူ)၊ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် (မူရင်း/မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ် (မူရင်း/မိတ္တူ)၊ လုပ်ငန်းဆိုင်ရာထောက်ခံချက် (မူရင်း) တို့ကို ယူဆောင်သွားရမှာဖြစ်ပါတယ်။

အသေးစိတ် အချက်အလက်ကိုတော့ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) သင်တန်းရေးရာဌာနမှာ စုံစမ်းနိုင်ပါတယ်။

-သန္တာ