ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဘဏ်လုပ်ငန်းဆိုင်ရာ မဟာဘွဲ့သင်တန်းလျှောက်လွှာ ခေါ်ယူ

[Zawgyi]





-သန္တာ

[Unicode]

ရန်ကုန်စီးပွားရေးတက္ကသိုလ်ရဲ့ ၂၀၁၈-၂၀၁၉ ခုနှစ် ပညာသင်နှစ်အတွက် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (Master of Banking and Finance-MBF) သင်တန်းအတွက် ၀င်ခွင့်လျှောက်လွှာတွေ ခေါ်ယူလျက်ရှိပါတယ်။

သင်တန်းသို့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ၊ ဘဏ်လုပ်ငန်း (သို့) ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင် (အလယ်အလတ်အဆင့်စီမံခန့်ခွဲမှု) အတွေ့အကြုံ (လုပ်သက်) အနည်းဆုံး ၂ နှစ်ရှိသူတွေ တက်ရောက်နိုင်ပါတယ်။

လျှောက်လွှာတွေကို ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ အခန်း ၂၀၆ မှာ ဇူလိုင်လ ၉ ရက်က စတင်ရယူနိုင်ပြီး သြဂုတ်လ ၃ ရက်နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။ သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲ ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) မှာကျင်းပသွားမှာပါ။

လျှောက်ထားလိုသူတွေ အနေနဲ့ ဖုန်း-၀၁-၅၁၃၄၅၇ (MBF ရုံးခန်း)၊ ၀၁-၅၁၃၅၇၆ (၀ါဏိဇ္ဇဗေဒဌာနရုံးခန်း) ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ