ရန္ကုန္စီးပြားေရးတကၠသို္လ္တြင္ မဟာဘြဲ႕သင္တန္းသစ္မ်ား တိုးခ်ဲ႕ဖြင္လွစ္မည္

[ Zawgyi ]

ရန္ကုန္စီးပြားေရးတကၠသိုလ္ ဝါဏိဇၨေဗဒဌာနမွ တာဝန္ယူဖြင့္လွစ္တဲ့ ဘဲြ႕လြန္သင္တန္းေတြျဖစ္တဲ့ Master of Commerce, Master of Banking and Finance, Master of Marketing Management , Master of Tourism and Hospitality Management ေတြကို တိုးခ်ဲ႕ဖြင့္လွစ္သြားမယ္လုိ႔ သိရပါတယ္။

သင္တန္းေတြကုိ ႏိုင္ငံတကာပညာေရးစနစ္မ်ားနဲ႔အညီ Outcome Based Education System ကို က်င့္သုံး သင္ၾကားေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ Master of Tourism & Hospitality Management Programme ကို ၂၀၂၀ ခုႏွစ္၊ ဇန္န၀ါရီလတြင္ ဖြင့္လွစ္မွာျဖစ္ၿပီး ၾကားရက္ ညေနပုိင္းသင္တန္းအျဖစ္ ဖြင့္လွစ္မွာျဖစ္ပါတယ္။ Master of Marketing Management သင္တန္းကို ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလမွာ စတင္မွာျဖစ္ၿပီး သင္တန္းခ်ိန္ေတြကေတာ့ စေနေန႔၊ နံနက္ ၈ နာရီမွ ညေန ၅ နာရီအထိနဲ႔ တနဂၤေႏြေန႔၊ ေန႔လယ္ ၁ နာရီမွ ညေန ၅ နာရီအထိ ျဖစ္ပါတယ္။

သင္တန္းနဲ႔ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ဝါဏိဇၨေဗဒဌာနမွထပ္မံထုတ္ျပန္ေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

-သႏၲာ

[ Unicode ]

ရန်ကုန်စီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာနမှ တာဝန်ယူဖွင့်လှစ်တဲ့ ဘွဲ့လွန်သင်တန်းတွေဖြစ်တဲ့ Master of Commerce, Master of Banking and Finance, Master of Marketing Management , Master of Tourism and Hospitality Management တွေကို တိုးချဲ့ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းတွေကို နိုင်ငံတကာပညာရေးစနစ်များနဲ့အညီ Outcome Based Education System ကို ကျင့်သုံး သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Master of Tourism & Hospitality Management Programme ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ဖွင့်လှစ်မှာဖြစ်ပြီး ကြားရက် ညနေပိုင်းသင်တန်းအဖြစ် ဖွင့်လှစ်မှာဖြစ်ပါတယ်။ Master of Marketing Management သင်တန်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ စတင်မှာဖြစ်ပြီး သင်တန်းချိန်တွေကတော့ စနေနေ့၊ နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိနဲ့ တနင်္ဂနွေနေ့၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ ဖြစ်ပါတယ်။

သင်တန်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလေက်တွေကိုတော့ ဝါဏိဇ္ဇဗေဒဌာနမှထပ်မံထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။