ရန္ကုန္စည္ပင္သာယာေရးဥပေဒ ၂၀၁၈ ေဒါင္းလုပ္ရယူႏိုင္ၿပီ

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒကိုေဒါင္းလုပ္ ရယူႏိုင္ဖို႔ေဆာင္ရြက္ ထားပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရ၊ ရန္ကုန္စည္ပင္သာယာေရးဥပေဒ ၂၀၁၈ ကို ဒီေနရာမွာ ေဒါင္းလုပ္ရယူႏိုင္ၿပီျဖစ္ပါတယ္။ အဲဒီဥပေဒကို ၂၀၁၈ ခုႏွစ္၊ ဇြန္ ၂၈ ရက္ ရက္စြဲနဲ႔ ထုတ္ျပန္ထားတာျဖစ္ပါတယ္။ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ဥပေဒမွာ အမည္ႏွင့္ အဓိပၸါယ္ေဖာ္ျပခ်က္၊ ရည္ရြယ္ခ်က္မ်ား၊ ဖြဲ႔စည္းျခင္း၊ ေရြးေကာက္တင္ေျမႇာက္ျခင္း၊ အစားထိုးခန္႔အပ္ျခင္း၊ တာဝန္မွ႐ုပ္သိမ္းျခင္း၊ ေကာ္မတီ၏ လုပ္ငန္းတာဝန္မ်ား အစရွိတာေတြကို အခန္းအလိုက္ေဖာ္ ျပထားတာေတြ႔ရပါတယ္။

စုစုေပါင္းအခန္း (၃၁) ခန္းပါဝင္ၿပီး ေနာက္ဆက္တြဲဇယား ျပစ္မႈႏွင့္ျပစ္ဒဏ္ေတြကိုလည္း ေဖာ္ျပထားတာ ေတြ႔ရပါတယ္။ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္က အဲဒီဥပေဒကို ျပဌာန္းခဲ့တာျဖစ္ပါတယ္။ ဥပေဒရဲ႕ရည္ရြယ္ခ်က္၊ အဖြဲ႔ဝင္အစရွိတာေတြကိုလည္း ေဖာ္ျပထားတာေတြ႔ရပါတယ္။

-ထြန္းထြန္း

[ Unicode ]

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကိုဒေါင်းလုပ် ရယူနိုင်ဖို့ဆောင်ရွက် ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်စည်ပင်သာယာရေးဥပဒေ ၂၀၁၈ ကို ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပြီဖြစ်ပါတယ်။ အဲဒီဥပဒေကို ၂၀၁၈ ခုနှစ်၊ ဇွန် ၂၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေမှာ အမည်နှင့် အဓိပ္ပါယ်ဖော်ပြချက်၊ ရည်ရွယ်ချက်များ၊ ဖွဲ့စည်းခြင်း၊ ရွေးကောက်တင်မြှောက်ခြင်း၊ အစားထိုးခန့်အပ်ခြင်း၊ တာဝန်မှရုပ်သိမ်းခြင်း၊ ကော်မတီ၏ လုပ်ငန်းတာဝန်များ အစရှိတာတွေကို အခန်းအလိုက်ဖော် ပြထားတာတွေ့ရပါတယ်။

စုစုပေါင်းအခန်း (၃၁) ခန်းပါဝင်ပြီး နောက်ဆက်တွဲဇယား ပြစ်မှုနှင့်ပြစ်ဒဏ်တွေကိုလည်း ဖော်ပြထားတာ တွေ့ရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အဲဒီဥပဒေကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။ ဥပဒေရဲ့ရည်ရွယ်ချက်၊ အဖွဲ့ဝင်အစရှိတာတွေကိုလည်း ဖော်ပြထားတာတွေ့ရပါတယ်။

-ထွန်းထွန်း