ရထားပြေးဆွဲမှုဆိုင်ရာ Electronic Interlocking System အသစ် တပ်ဆင်

[ Zawgyi ]



-ထွန်းထွန်း

[ Unicode ]

ရထားပြေးဆွဲမှုနဲ့ပတ်သက်ပြီး ဆောင်ရွက်ချက်ဖြစ်တဲ့ Electronic Interlocking System အသစ် တပ်ဆင်အသုံးပြုနေပြီဖြစ်ကြောင်း သိရပါတယ်။

ရထားပြေးဆွဲမှုတွေကို ဗဟိုဌာနမှ ထိန်းချူပ်တဲ့စနစ်နဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ပစ္စည်းကိရိယာတွေ တပ်ဆင်အသုံးပြုခြင်း စီမံကိန်းရဲ့ Electronic Interlocking System အသစ်တပ်ဆင် စတင်အသုံးပြုခြင်း အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရပါတယ်။ ဇွန် ၁၆ ရက်က ကျင်းပခဲ့တာဖြစ်ကြောင်း၊ အခမ်းအနားကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ ဂျပန်သံအမတ်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ကြောင်း သိရပါတယ်။

-ထွန်းထွန်း