ယူရို ၈၉၉ တန်ဖိုးရှိ Asus ROG Phone II

Asus အနေနဲ့ ဇူလိုင်လအတွင်း ROG Phone II အမည်ရ နောက်ဆုံးပေါ်မိုဘိုင်း gaming ထုတ်ကုန်ကို မိတ်ဆက်ခဲ့ပါတယ်။ အခုအခါမှာတော့ ဘာလင်မှာပြုလုပ်နေတဲ့ IFA 2019 ပြပွဲမှာ ROG Phone II ကို တစ်ကမ္ဘာလုံးဆီ မိတ်ဆက်သွားခဲ့ပါတယ်။

ROG Phone II မှာ RAM 12GB နဲ့ storage 512GB တို့ပါဝင်ပြီး ယူရို ၈၉၉ (ဒေါ်လာ ၉၉၀) ကျသင့်မှာ ဖြစ်ပါတယ်။ ROG Phone II ဟာ လူတွေစိတ်ဝင်စားနေတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ Snapdragon 855+ chipset အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်လာသလို 120Hz 10-bit HDR screen ပါဝင်လာပါတယ်။

Asus မှာ ၆.၅၉ လက်မ AMOLED နဲ့ အတူ under-display fingerprint scanner ပါဝင်ပြီး DCI-P3 color space (၁၀၈ ရာခိုင်နှုန်း)နဲ့ အရောင်မှန်ကန်မှု ကောင်းမွန်ပါတယ်။ မျက်နှာပြင်ရှေ့ဘက်မှာ DTS:X Ultra စပီကာ ၂ ခုပါဝင်တဲ့အတွက် အသံပိုင်းဆိုင်ရာ အလွန်ကောင်းမွန်ပါတယ်။ ကျောဘက်မှာတော့ မူလ ROG ဖုန်းဒီဇိုင်းကို အသုံးပြုထားပါတယ်။ အခုထုတ်ကုန်မှာ အဓိက ကင်မရာ 48MP နဲ့ ဒုတိယမြောက် 13MP wide-angle တို့ပါဝင်လာပါတယ်။

အခုထုတ်ကုန်ကို Asus ဝက်ဘ်ဆိုက်မှာ ကြိုတင်မှာယူမှု ပြုလုပ်နိုင်ကာ စက်တင်ဘာ ၂၀ ရက်မှာ အခြားဆိုင်တွေမှာ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ROG Phone II Ultimate Edition မှာတော့ storage 1TB နဲ့ chipset ရဲ့ Cat.20 လုပ်ဆောင်ချက်လည်း ပါဝင်လာပါတယ်။ အားလပ်ရက်ရာသီမှာ ယူရို ၁,၁၉၉ နဲ့ရောင်းချမှာဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena