ယူတာ့က သတ္တုကျောက်ပြားကြီးကို ဖယ်ရှားခဲ့သူတွေ ထုတ်ဖော်ဝန်ခံ

အင်တာနက်မှာ ယူတာ့ပြည်နယ်က ထူးဆန်းတဲ့ သတ္တုကျောက်သားပြားကြီးအကြောင်း သတင်းတွေ ပျံ့နှံ့နေပါတယ်။ အဲဒီ သတ္တုကျောက်ပြားကြီးဟာ ရုတ်တရက်ပျောက်သွားခဲ့တယ်။ သတ္တုကျောက်ပြားကို လူနှစ်ဦးက ဖယ်ရှားလိုက်တာပါ။ ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ သတ္တုကျောက်ပြားကြီးကို ဖယ်ရှားသူက ဆိုင်ဗန်ခရစ္စရှန်ဆန်နဲ့ အန်ဒီလူးဝစ်ဆိုသူတို့ ဖြစ်ပြီး ကာယကံရှင်တွေကလည်း ဝန်ခံထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

“ကျွန်တော်တို့က ယူတာ့ကျောက်ပြားကို ဖယ်ရှားခဲ့ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ ဝေမျှ၊ သုံးစွဲနေတဲ့ မြေကို စံတစ်ခု သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ မြေပေါ်မှာ သဘာဝတောရိုင်းတိရစ္ဆာန်၊ အပင်၊ သန့်စင်တဲ့ ရေအရင်းအမြစ်နဲ့ လူသက်ရောက်မှုရှိပါတယ်” လို့ လူးဝစ်နဲ့ ခရစ္စရှန်ဆန်က Grit Daily ဆီ ထုတ်ပြန်ချက်ပို့ခဲ့ပါတယ်။

လူးဝစ်ဆိုသူက ပတ်ဝန်းကျင်ထဲမှာ ‌ကြိုးတန်းလျှောက်တဲ့ slackline အားကစားနဲ့ ပတ်သက်ပြီး လူသိများပါတယ်။

စွန့်စားဓာတ်ပုံဆရာ ရော့စ်ဘားနတ်က သူတို့နှစ်ဦး သတ္တုကျောက်ပြားသယ်တဲ့အကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ သောကြာနေ့ညက သတ္တုကျောက်သားပြားရှိတဲ့ နေရာကို လူ ၄ ဦးအထိ ရောက်လာပြီး သယ်ဆောင်သွားတယ်လို့ ပြောခဲ့ပါတယ်။ ဘားနတ်က သတ္တုကျောက်ပြားရှိရာကို မှတ်တမ်းတင်ခဲ့ပြီး ပျောက်ဆုံးသွားတဲ့အကြောင်းကိုလည်း Instagram မှာဖော်ပြထားပါတယ်။ ကျောက်သားသယ်ဆောင်သွားတဲ့ ပုံကိုလည်း ဖော်ပြခဲ့ပါတယ်။

စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««