ယူကေအဆင့်မြင့်ပညာရေး စိတ်ဝင်စားသူများအတွက် အခမဲ့ အွန်လိုင်းသင်တန်းများ

ဗြိတိသျှကောင်စီမှ စတင်သင်ကြားပို့ချမယ့် “Study UK: Prepare to study and live in the UK” အွန်လိုင်းသင်တန်းကို မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ သင်တန်းပြီးဆုံးတဲ့အခါမှာတော့ Certificate of Achievement ကိုပါ ရရှိနိုင်မှာပါ။

အဆိုပါ အွန်လိုင်းသင်တန်း တွေကတော့ လာမယ့် ၂၀၂၀ ခုနှစ်တွင် ယူကေနိုင်ငံရှိတက္ကသိုလ်တွေ မှာ သွားရောက်ပညာသင်ယူမယ့် နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများ၊ ယူကေအဆင့် မြင့်ပညာရေးအကြောင်း စိတ်ပါ ၀င်စားသော နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများ၊ လက်ရှိ ယူကေမှာ ပညာသင် ကြားနေပြီး စာပေဆိုင်ရာ စွမ်းရည်နဲ့ ဗဟုသုတ တိုးတက်လိုသူများအပြင် အခြားနိုင်ငံ တကာ ပညာရေးအား စိတ်ဝင် စားသူများအတွက် အကျိုးရှိမယ့် သင်တန်းဖြစ်ပါတယ်။

“Study UK: Prepare to study and live in the UK” အခမဲ့ အွန်လိုင်းသင်တန်းမှာ နိုင် ငံတကာမှ ကျောင်းသား၊ ကျောင်း သူများအား ယူကေနိုင်ငံရှိတက္က သိုလ်တွေရဲ့ သင်တန်းပုံစံများ၊အ ကဲဖြတ်အမှတ်ပေးပုံများ၊ယူ ကေရောက်သည့်အခါ ပြင်ဆင် ထားသင့်သည်များကို နားလည် စေရန် ရည်ရွယ်တယ်လို့ သိရပါတယ်။

ယူကေအဆင့်မြင့်ပညာရေး ရဲ့ ထူးခြားသော လက္ခဏာများ၊ ကွဲပြားသော သင်ကြားရေး ပုံစံ များ၊ ကျောင်းသားများရရှိမယ့််ဝန် ဆောင်မှုများနှင့် ငွေကြေးဆိုင်ရာ အကြံပေးမှုများ၊ အင်္ဂလိပ်ဘာ သာစကား စွမ်းရည်လိုအပ်ချက် များနှင့် နေရာထိုင်ခင်းရှာဖွေခြင်း၊ မိတ်ဆွေဖွဲ့ခြင်းတို့အပြင်ယူကေ နိုင်ငံသို့ ဆိုက်ရောက်လာစဉ်ပြု လုပ်ရမယ့်အရာတွေ အစရှိတဲ့ လက်တွေ့အသုံးကျတဲ့ လမ်း ညွှန်မှုတွေကို လေ့လာမှတ်သား နိုင်မှာဖြစ်ပါတယ်။သင်တန်းကို ၉၀ ရာခိုင်နှုန်း အထက်ပြီးမြောက်ပါက အခမဲ့ဒစ်ဂျစ်တယ်အောင် လက်မှတ်ကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။

သင်တန်းကာလ

သင်တန်းကာလကတော့ ၄ ပတ် ကြာမြင့်မှာ ဖြစ်ပါတယ်။

သင်တန်းတက်ရောက်ရန် အတွက် စာရင်းသွင်းခြင်း

တက်ရောက်လိုသူတွေအနေနဲ့ ဒီနေရာမှာ စာရင်းသွင်းပြီး တက်ရောက်နိုင်ပါသည်။

အခမဲ့ ဒစ်ဂျစ်တယ်အောင် လက်မှတ်ကို ဖွံ့ဖြိုးဆဲနိုင်ငံများမှ သင်တန်းတက်သူတွေကိုသာ အခမဲ့ပေးခြင်းဖြစ်ပြီး ဒစ်ဂျစ်တယ်အောင်လက်မှတ် အရေအတွက်ကို ကန့်သတ်ထားတာကြောင့် ကြိုတင်စာရင်းပေးပြီး သင်တန်းကို ပြီးမြောက်စေဖို့ ပေးထားတဲ့ လေ့ကျင့်ခန်းနဲ့ သင်ခန်းစာတွေကို ပုံမှန်ပြုလုပ်သွားဖို့ လိုအပ်မယ်လို့ သိရပါတယ်။

ယူကေမှာ သွားရောက်ပြီး ပ ညာလေ့လာလိုသူတွေနဲ့ အွန်လိုင်းမှတစ်ဆင့် ယူကေတက္ကသိုလ်မှ သင်တန်းများတက်ရောက် လိုသူတွေအတွက် Study UK အစီအစဉ်အရ ဗြိတိသျှကောင်စီ နဲ့ GREAT Britain campaign တို့မှ အဝေးသင်ပညာရေး ဝက်ဘ်ဆိုက်ဖြစ်တဲ့ FutureLearn နဲ့ ပူးပေါင်းကာ ပို့ချပေးတာ ဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်အရ ယူကေတက္ကသိုလ်နှင့် အဖွဲ့အ စည်းပေါင်း ၃၅ ခု မှ “Study UK: Prepare to study and live in the UK” အပါအဝင်အွန် လိုင်းသင်တန်း ၃၂၅ ခုကိုအခ မဲ့လေ့လာနိုင်ပြီး သင်တန်းအမျိုး အစားတွေကို ဒီနေရာမှာ လေ့လာကာ မိမိတက်ရောက်လိုသော သင်တန်းကို စာရင်းပေး သွင်းပြီး တက်ရောက်နိုင်ပါတယ်။

လေ့လာနိုင်မယ့် ဘာသာရပ် တစ်ချို့ကိုအောက်တွင် ဖော်ပြပေးထားပါတယ်။

– Research Impact: Making a Difference (The University of Glasgow)
– English for Academic Study (Coventry University)
– Developing Clinical Empathy: Making a difference in Patient Care (St.George’s, University of London)
– Unleash Your Potential: Innovation and Enterprise (University of Bristol)
– Communicating Effectively with Vlunerable Children and Yond People (University of Kent)
– Building Your Career in Tomorrow’s Workplace (University of Exeter)
– Survival Statistics: Secretes for Demystifying Numbers (Royal Holloway, University of London)
– Quality Improvement in Healthcare: the case for change (University of Bath)
– Antimicrobial Stewardship: Managing Antibiotic Resistance ( University of Dundee)
– Blended Learning Essentials: Digitally-Enriched Apprenticeships (University of Leeds)
– Caused of Human Disease: Understanding Cardiovascular Disease (University of Leeds)
– Dementia Care (Nescastle University)
– Using Open Data for Digital Business (Royal Holloway, University of London)
– What makes an Effective Presentation? (Conventry University)
– Using Artificial Intelligence Technologies for Business Planning and Decision-making (Conventry University)
– Project Initiation (Conventry University)
– Leadership Theory: The Basics (Conventry University)
– Foundation of Project Management (ConventryUnviersity)
– Emotional Intelligence at work (Conventry University)
– Basics of Nework Security (Conventry University)
– Business Strategy: The Art of looking into the future (Conventry University)
– Automotive Cyber security : An Introduction (Conventry University)
– An Introduction to Physical Health Assessment (Conventry University)
– Nutrition and Wellbeing (University of Aberdeen)
– Begin robotics (University of Reading)
– Digital Economy: Selling through Customer right (The Open University)
– Finance Fundamentals: Financial Planning and Budgeting (The Open University)

-သန္တာ