ယူကေမှာ Pixel 4 နဲ့ Pixel 4 XL ကိုအထူးပြုလုပ်ထားတဲ့ စီရီရယ်ဘူးတွေနဲ့ တင်ပို့ရောင်းချခဲ့

Google ဟာ Pixel 4 နဲ့ Pixel 4 XL စမတ်ဖုန်းတွေကို စတင်တင်ပို့နေပြီ ဖြစ်ပါတယ်။ ယူကေအတွင်းက Pixel 4 ဝယ်ယူသူတွေအတွက် Google က ထူးခြားတဲ့အစီအစဉ်ကို ပြုလုပ်ခဲ့ပါတယ်။ Google ဟာ Pixel 4 ကို ကြိုတင်မှာ ယူထားတဲ့ ကံထူးသူ အယောက် ၂,၀၀၀ အတွက် အံ့အားသင့်စရာတစ်ခု အနေနဲ့ စမတ်ဖုန်းသစ်တွေကို အထူးပြုလုပ်ထားတဲ့ စီရီရယ်လ်ဘူးတွေနဲ့ ပို့ဆောင်ပေးခဲ့ပါတယ်။

ကံထူးတဲ့ သုံးစွဲသူတွေက Reddit နဲ့ Twitter ပေါ်မှာ Pixel 4 ထည့်ထားတဲ့ ဆီရီရယ်ဘူးပုံတွေကို ဝေမျှခဲ့ပါတယ်။ စီရီရယ်ဘူးမှာ Pixel 4 ရဲ့အဓိက feature တွေဖြစ်တဲ့ astrophotography လုပ်ဆောင်ချက်၊ Motion Sense, Google Assistant အသစ်နဲ့ RAM 6GB စတဲ့ အချက်အလက်ကို ဖော်ပြထားပါတယ်။ ဒါ့အပြင် Google အနေနဲ့ Google Photos ကိုအွန်လိုင်းမှာ အကန့်အသတ်မရှိ အသုံးပြုနိုင်တယ်လို့ ဘူးမှာ ကြော်ငြာထားပါတယ်။ Pixel 4 ပိုင်ဆိုင်သူတွေက အရည်အသွေးမြင့် ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို Google Photos မှာအကန့်အသတ်မရှိ upload လုပ်နိုင်မှာ ဖြစ်ပါတယ်။

Google အနေနဲ့ စီရီရယ်ဘူးထဲမှာ မှတ်စုတစ်ခုကို ထည့်သွင်းထားပါသေးတယ်။ အဲဒီမှတ်စုမှာ Google Store ကနေ Pixel 4 ဝယ်ယူခဲ့တဲ့ရက်ကနေ ၁၄ ရက်ကနေ ၄၅ ရက်အတွင်း HP Chromebook 14 ကို အခမဲ့ထုတ်ယူနိုင်တယ်လို့ သုံးစွဲသူတွေကို သတိပေးထားပါတယ်။ အဲဒီ အစီအစဉ်က ယူကေအတွက်ပဲ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

စိုးထက်
Ref: AndroidCentral