ယူကေတက္ကသိုလ်မှ သင်တန်းများအား အွန်လိုင်းမှတစ်ဆင့် အခမဲ့တက်ရောက်နိုင်

ယူကေတက္ကသိုလ်မှ သင်တန်းတွေကို အွန်လိုင်းမှတစ်ဆင့် အခမဲ့ တက်ရောက်နိုင်မှာဖြစ်တယ်လို့ ဗြိတိသျှကောင်စီမှ သိရပါတယ်။

အခမဲ့ အွန်လိုင်းသင်တန်းတွေကို ဇန်နဝါရီ ၃၁ ရက်အထိ နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်ပြီး သင်တန်းအပြီးမှာ အခမဲ့ ဒီဂျစ်တယ်အောင်လက်မှတ်ကိုပါ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဂိမ်းဒီဇိုင်းနဲ့ဆိုင်တဲ့ သင်တန်းများမှစတင်ကာ စီးပွားရေးဆိုင်ရာ သင်တန်းတွေအထိ ယူကေတက္ကသိုလ်နဲ့ အဖွဲ့အစည်းပေါင်း ၃၅ ခုမှ အွန်လိုင်းသင်တန်းပေါင်း ၃၂၅ ခုကို အခမဲ့ လေ့လာနိုင်မှာဖြစ်တဲ့အတွက် မိမိနဲ့ သင့်တော်တဲ့ သင်တန်းကိုရွေးချယ်ပြီး တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံများမှ သင်တန်းတက်သူတွေကိုသာ အခမဲ့ပေးခြင်းဖြစ်ပြီး ဒီဂျစ်တယ်အောင်လက်မှတ် အရေအတွက်ကို ကန့်သတ်ထားတဲ့အတွက် ကြိုတင်စာရင်းပေးသွင်း တက်ရောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ စာရင်းပေးသွင်းခြင်းကို http://bit.ly/2N2xCNB မှတစ်ဆင့် ပြုလုပ်ရမှာဖြစ်ပါတယ်။