ယာယီကုန္သြယ္ေရး ခြင့္ျပဳခ်က္ ရက္ ၉၀ ထပ္မံရရွိႏိုင္တဲ့ Huawei

[ Zawgyi ]

Huawei ဟာ ဒီႏွစ္ ေမလအတြင္း အေမရိကန္ကုမၸဏီေတြနဲ႔အတူ ကုန္သြယ္ခြင့္ပိတ္ပင္ခဲ့ရၿပီးေနာက္ ရက္အနည္းငယ္အၾကာမွာ ယာယီခြင့္ျပဳခ်က္ရရွိခဲ့ပါတယ္။

ရွန္းဇန္႔အေျခစိုက္ Huawei ရဲ႕ယာယီကုန္သြယ္ခြင့္ ၾသဂုတ္ ၁၉ ရက္မွာ ကုန္ဆုံးခဲ့ေပမယ့္ ေနာက္ထပ္ ရက္ ၉၀ ရရွိဖို႔ရွိပါတယ္။ Reuters ရဲ႕ေဖာ္ျပခ်က္အရ အေမရိကန္ကုန္သြယ္ေရးဌာနက ယာယီကုန္သြယ္ခြင့္ ေနာက္ထပ္ ၃ လ တိုးခ်ဲ႕ေပးဖြယ္ရွိပါတယ္။ အဲဒီကာလအတြင္း အေမရိကန္နဲ႔ တ႐ုတ္တို႔ ျဖစ္ေပၚေနတဲ့ ကုန္သြယ္ေရးအျငင္းပြားမႈကုိ သေဘာတူညီခ်က္ယူႏိုင္လာဖို႔ ေမွ်ာ္လင့္ေနပါတယ္။

Huawei ဟာ လက္ရွိမွာ စီးပြားေရးအင္အားႀကီးႏွစ္ႏိုင္ငံအၾကား ေဆြးေႏြးမႈမွာ ဂ်ိဳကာဖဲတစ္ခ်ပ္ျဖစ္ေနၿပီး သမၼတေဒၚနယ္ထရမ့္နဲ႔ ရွီက်င့္ဖ်င္တို႔က ဒီတစ္ပတ္ေႏွာင္းပိုင္းအတြင္း ကုမၸဏီ အနာဂတ္ကို ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။ ကုန္သြယ္ေရးဝန္ႀကီးျဖစ္တဲ့ ဝီဘာ႐ို႕စ္က လာမယ့္သုံးလအတြင္း ကုမၸဏီ ၅၀ ေက်ာ္က Huawei ဆီပစၥည္းျဖန္႔ခ်ိဖို႔ အထူးလိုင္စင္ကုိ ေလွ်ာက္ထား ခဲ့တယ္လို႔ သိရပါတယ္။ Huawei ဟာ ၂၀၁၈ ခုႏွစ္အတြင္း အစိတ္အပုိင္းေတြအတြက္ ေဒၚလာ ၇၀ ဘီလ်ံအသုံးျပဳၿပီး ေဒၚလာ ၁၁ ဘီလ်ံက အေမရိကန္ကုမၸဏီေတြျဖစ္တဲ့ Qualcomm, Intel နဲ႔ Micron ဆီေရာက္ရွိခဲ့ကာ စမတ္ဖုန္းနဲ႔ 5G အင္တာနက္အတြက္ memory chip ကုိ အမ်ားဆုံးဝယ္ယူခဲ့ပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Huawei ဟာ ဒီနှစ် မေလအတွင်း အမေရိကန်ကုမ္ပဏီတွေနဲ့အတူ ကုန်သွယ်ခွင့်ပိတ်ပင်ခဲ့ရပြီးနောက် ရက်အနည်းငယ်အကြာမှာ ယာယီခွင့်ပြုချက်ရရှိခဲ့ပါတယ်။

ရှန်းဇန့်အခြေစိုက် Huawei ရဲ့ယာယီကုန်သွယ်ခွင့် သြဂုတ် ၁၉ ရက်မှာ ကုန်ဆုံးခဲ့ပေမယ့် နောက်ထပ် ရက် ၉၀ ရရှိဖို့ရှိပါတယ်။ Reuters ရဲ့ဖော်ပြချက်အရ အမေရိကန်ကုန်သွယ်ရေးဌာနက ယာယီကုန်သွယ်ခွင့် နောက်ထပ် ၃ လ တိုးချဲ့ပေးဖွယ်ရှိပါတယ်။ အဲဒီကာလအတွင်း အမေရိကန်နဲ့ တရုတ်တို့ ဖြစ်ပေါ်နေတဲ့ ကုန်သွယ်ရေးအငြင်းပွားမှုကို သဘောတူညီချက်ယူနိုင်လာဖို့ မျှော်လင့်နေပါတယ်။

Huawei ဟာ လက်ရှိမှာ စီးပွားရေးအင်အားကြီးနှစ်နိုင်ငံအကြား ဆွေးနွေးမှုမှာ ဂျိုကာဖဲတစ်ချပ်ဖြစ်နေပြီး သမ္မတဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်တို့က ဒီတစ်ပတ်နှောင်းပိုင်းအတွင်း ကုမ္ပဏီ အနာဂတ်ကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကုန်သွယ်ရေးဝန်ကြီးဖြစ်တဲ့ ဝီဘာရို့စ်က လာမယ့်သုံးလအတွင်း ကုမ္ပဏီ ၅၀ ကျော်က Huawei ဆီပစ္စည်းဖြန့်ချိဖို့ အထူးလိုင်စင်ကို လျှောက်ထား ခဲ့တယ်လို့ သိရပါတယ်။ Huawei ဟာ ၂၀၁၈ ခုနှစ်အတွင်း အစိတ်အပိုင်းတွေအတွက် ဒေါ်လာ ရ၀ ဘီလျံအသုံးပြုပြီး ဒေါ်လာ ၁၁ ဘီလျံက အမေရိကန်ကုမ္ပဏီတွေဖြစ်တဲ့ Qualcomm, Intel နဲ့ Micron ဆီရောက်ရှိခဲ့ကာ စမတ်ဖုန်းနဲ့ 5G အင်တာနက်အတွက် memory chip ကို အများဆုံးဝယ်ယူခဲ့ပါတယ်။

Ref: GSMArena