ယာဉ်မောင်းနဲ့ ခရီးသည်များ မျက်နှာကာဝတ်ဆင်စေမယ့် ပေါ်လစီ ထုတ်ပြန်ဖို့ Uber စီစဉ်

Uber က အမေရိကန်နဲ့ နိုင်ငံတချို့ ယာဉ်မောင်းနဲ့ ခရီးသည်တွေ မျက်နှာကာ ဝတ်ဆင်စေဖို့ လာမယ့်အပတ်အတွင်း ပေါ်လစီသစ်တစ်ခုကို ပြဌာန်းဖို့ စီစဉ်နေပါတယ်။ တက္ကစီဝန်ဆောင်မှု Uber အနေနဲ့ ယာဉ်မောင်းတွေ ခရီးသည်လက်မခံခင်မှာ မျက်နှာကာ ဝတ်ဆင်ထားကြောင်း ခြေရာခံမယ့် နည်းပညာကိုလည်း ဆောင်ရွက်နေပါတယ်။

ယာဉ်မောင်းတွေကို “essential trips” နဲ့ထောက်ပံ့ပေးပြီး ခရီးသည်တွေလည်း အတတ်နိုင်ဆုံး အိမ်မှာပဲ နေဖို့ Uber ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

“နိုင်ငံတွေ ပြန်လည်ဖွင့်လှစ်တဲ့အခါ Uber က သတိနဲ့ဆောင်ရွက်ရမယ့် ကိစ္စနဲ့ လုံခြုံမှုကို အာရုံစိုက်ပါတယ်။ ကျွန်တော်တို့အဖွဲ့က ပြန်လည်ထူထောင်ရေး နောက်တစ်ဆင့်ကို ပြင်ဆင်တာဖြစ်ပြီး တာဝန်ကိုယ်စီရှိပါတယ်။ ကျွန်တော်တို့က အဆင်သင့်ဖြစ်တိုင်း သုံးစွဲသူဆီ update တွေနဲ့ ဆက်သွယ်ပါမယ်။ အဲဒီအချိန်အတွင်းမှာ Uber အသုံးပြုတဲ့အခါ ယာဉ်မောင်းနဲ့ ခရီးသည်တွေ မျက်နှာကာ ဒါမှမဟုတ် မျက်နှာဖုံးဝတ်ဆင်ဖို့ ကျွန်တော်တို့က တိုက်တွန်းမှာပါ” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

Uber က ၂၀၁၆ ခုနှစ်အတွင်း Real-Time ID Check feature ဖြစ်တဲ့ ယာဉ်မောင်းတွေ selfie ရိုက်ကူးရတဲ့ လုပ်ဆောင်ချက်ကို ဖြန့်ထားပါတယ်။ အဲဒီအခါမှာ ကုမ္ပဏီဖိုင်က ပုံနဲ့ selfie ပုံကို တိုက်ဆိုင်စစ်ဆေးလေ့ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း Uber တက္ကစီဝန်ဆောင်မှုလုပ်ငန်း အထိနာခဲ့ပါတယ်။ Uber စီအီးအိုဖြစ်တဲ့ ဒါရာကိုရောရှာဟီက အဓိက မြို့တော် လုပ်ငန်းပိုင်း ၇၀ ရာခိုင်နှုန်း ကျဆင်းတယ်လို့ မတ်လကပြုလုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူအစည်းအဝေးအတွင်းမှာ ပြောခဲ့ပါတယ်။ Uber Eats ဆိုတဲ့ စားသောက်ကုန်ပို့လုပ်ငန်းကတော့ အနည်းငယ်တိုးတက်လာပေမယ့် တက္ကစီဝန်ဆောင်မှု ဆုံးရှုံးမှုကို မကာပေးနိုင်ပါဘူး။

Uber အနေနဲ့ ပြီးခဲ့တဲ့လအတွင်း ဝန်ထမ်း ၂၀ ရာခိုင်နှုန်း ဖယ်ရှားဖို့ စဉ်းစားနေတယ်လို့ The Information ကဖော်ပြခဲ့ပါတယ်။

စိုးထက်
Ref: TheVerge

အင်တာနက်ဂျာနယ်ရဲ့ YouTube Channel ဖြစ်တဲ့ https://www.youtube.com/internetjournaltv မှာလည်း ဗီဒီယိုသတင်းတွေကို ကြည့်ရှုနိုင်တယ်နော် . . .