ယနေ့ည မိတ်ဆက်မယ့် Pixel 5 နဲ့ Pixel 4a 5G မှာ ဘာတွေ ပါဝင်လာနိုင်မလဲ

Google ကတော့ ဒီနေ့မှာ ပြုလုပ်မယ့် Launch Night In ပွဲမှာ အားလပ်ရက်အတွင်း ရောင်းချမယ့် Pixel ထုတ်ကုန်တွေကို မိတ်ဆက်ပါမယ်။ Google က ပွဲအတွင်း မိတ်ဆက်မယ့် Pixel 5 နဲ့ Pixel 4a 5G တွေနဲ့ ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ ပေါက်ကြားမှုနဲ့ ကောလာဟလတွေကို အောက်မှာ ဖော်ပြပေးပါမယ်။

Google ဟာ Launch Night In ပွဲအတွင်းမှာ ပြန်လည်ဒီဇိုင်းထုတ်ထားတဲ့ Chromecast ကိုလည်း မိတ်ဆက်နိုင်ပါတယ်။

Pixel 5

သတင်းတွေအရ ဒီနှစ် မိတ်ဆက်မယ့် Pixel 5 မှာ ထိပ်တန်း chipset မပါဝင်နိုင်ပါဘူး။ Pixel 5 ဒီဇိုင်းကလည်း Pixel 4a ကနေ ယူထားပါတယ်။ နောက်ဆုံးထွက်လာတဲ့ ပေါက်ကြားမှုအရ Pixel 5 ကျောဘက်မှာ သတ္တုအသုံးပြုထားပါတယ်။ ကျောဘက်က သတ္တုမျက်နှာပြင်မှာ ပလတ်စတစ်/မှန်ထည် ဖြတ်စနဲ့ သုတ်ဆေးအလွှာတစ်ခု ပါဝင်တာကြောင့် အင်တာနာက ထည့်သွင်းလို့ရပါတယ်။

   

Pixel 5 မှာ မျက်နှာပြင် ၆ လက်မ FHD+ OLED နဲ့အတူ 90Hz refresh rate နဲ့ ဘယ်ဘက်မှာ punch-hole ပါဝင်လာပါတယ်။ ဒါ့အပြင် HDR 10+ panel နဲ့အတူ 19.5:9 aspect ratio နဲ့ Gorilla Glass 6 အကာအကွယ်လည်း ပါဝင်ပါတယ်။ Pixel 4 ဖုန်းတွေမှာ ပါဝင်ခဲ့တဲ့ ရေဒါအခြေခံ Motion Sensor ကတော့ မပါဝင်ပေမယ့် ကျောဘက်မှာ fingerprint sensor ပါဝင်လာပါမယ်။

ကင်မရာပိုင်းကတော့ 16MP ultrawide နဲ့အတူ အဓိက ကင်မရာ 12.2MP F/1.7 ပါဝင်လာနိုင်ပါတယ်။ Pixel 5 ကင်မရာကတော့ Google ရဲ့ machine learning ချိန်ညှိမှုကြောင့် ရုပ်ထွက်ကောင်း ဓာတ်ပုံတွေ ထုတ်ပေးနိုင်ပါတယ်။ Ultrawide ကင်မရာကတော့ Pixel ဖုန်းတွေမှာ ပထမဆုံး ပါဝင်လာမှာ ဖြစ်တဲ့အတွက် မိတ်ဆက်တဲ့အခါ အံ့အားသင့်စရာတွေ ပါဝင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Pixel 5 မှာ Snapdragon 765G ကိုပဲ အသုံးပြုထားဖွယ်ရှိပါတယ်။ အဲဒီ 765G ချစ်ပ်ကတော့ Sub-6 Ghz 5G ချိတ်ဆက်မှုနဲ့ ဘက်ထရီသက်တမ်းကိုလည်း ချွေပေးနိုင်တယ်။ Pixel 5 ဘက်ထရီကတော့ 4,080mAh ဖြစ်နိုင်ပြီး ကြိုးနဲ့အားသွင်းရင် 18W အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ကြိုးမဲ့နဲ့ power bank လိုအသုံးပြုနိုင်တဲ့ reverse ကြိုးမဲ့အားသွင်းစနစ်လည်း ပါဝင်လာဖို့ရှိတယ်။

Pixel 5 ဖုန်းမှာ Android 11 ကိုပဲအသုံးပြုမှာပါ။ Pixel 4 နဲ့ 4XL က IP68 ရေနဲ့ ဖုန်ဒဏ်ခံနိုင်ရည်ရှိမှုလည်း Pixel 5 အတွက် ပါလာမှာပါ။ Pixel 5 ကိုမိတ်ဆက်ပြီးတာနဲ့ ကြိုတင်မှာယူနိုင်ပြီး အောက်တိုဘာလ ၁၅ ရက်မှာ တရားဝင် ရောင်းချပါမယ်။ ကောလာဟလအရ Pixel 5 8/128GB ကတော့ ဒေါ်လာ ၇၀၀ ကျသင့်နိုင်ပြီး အနက်နဲ့ အစိမ်း အရောင်၂ မျိုး ထွက်လာပါမယ်။

Pixel 4a 5G

Google ဟာ 5G ထောက်ပံ့မှုပါတဲ့ Pixel 4a ကို Launch Night In ပွဲမှာ မိတ်ဆက်နိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစားက ၆.၂ လက်မ OLED display နဲ့အတူ 60Hz refresh rate နဲ့ punch hole တို့ ပါဝင်လာပါတယ်။ ဖုန်းမှာ Snapdragon 765G ချစ်ပ်ကိုပဲ အသုံးပြုနိုင်ပြီး 18W အားသွင်းစနစ်နဲ့ ဘက်ထရီ 3,885mAh ပါဝင်လာနိုင်ပါတယ်။

ကင်မရာကတော့ ½.55 လက်မ 12.2MP sensor နဲ့ 8MP ultrawide တို့ပါဝင်လာနိုင်ပါတယ်။ Pixel 4a 5G ကတော့ Pixel 4a နဲ့ ဒီဇိုင်းအတူတူပဲ ဖြစ်ပြီး ပလတ်စတစ်ကိုယ်ထည်နဲ့ ကျောဘက်မှာ fingerprint reader တို့ ပါဝင်လာပါတယ်။

Google ဟာ Pixel 5 လိုပဲ 4a 5G မှာလည်း Android 11 အသုံးပြုထားပါတယ်။ နားကြပ်ပေါက်လည်း ပါဝင်လာနိုင်ပါတယ်။

Pixel 4a 5G ကိုတော့ စက်တင်ဘာ ၃၀ ကတည်းက ကြိုတင်မှာယူနိုင်ပေမယ့် နိုဝင်ဘာ ၁၉ ရက်မှပဲ ရောင်းချနိုင်ပါမယ်။ Pixle 4a 5G ကတော့ ဒေါ်လာ ၅၀၀ ကျသင့်ပါမယ်။

-စိုးထက်
Ref: GSMArena

အောက်တိုဘာ ၁ ရက်၊ မြန်မာစံတော်ချိန် နံနက် ၀၀:၃၀ မှာ ပြုလုပ်မယ့် Google Pixel 5 event ကို live blog အနေနဲ့ ယခုဖော်ပြပါလင့်ခ် https://bit.ly/34870Cc မှတစ်ဆင့် တင်ဆက်သွားမှာဖြစ်ပါတယ်။