ယဉ်ကျေးမှုအရဆက်သွယ်ခြင်း ထောက်ပံ့ကြေးအစီအစဉ်အတွက် လျှောက်လွှာခေါ်ယူ

ယဉ်ကျေးမှုအရ ဆက်သွယ်ခြင်း (Connections Through Culture ) ထောက်ပံ့ကြေး အစီအစဉ်အတွက် လျှောက်လွှာခေါ်ယူနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အစီအစဉ်မှာ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများမှ အနုပညာရှင်များနဲ့ အနုပညာဆိုင်ရာ အဖွဲ့အစည်းတွေကို ယူကေနိုင်ငံရဲ့ အနုပညာကဏ္ဍနဲ့ ချိတ်ဆက်ပေးတဲ့ ဗြိတိသျှကောင်စီရဲ့ ထောက်ပံ့ကြေးအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ စာပေ၊ ရုပ်ရှင်၊ ရုပ်ပုံ၊ ဓာတ်ပုံအနုပညာ၊ ဗိသုကာ၊ ဒီဇိုင်း၊ ဂီတ အစရှိတဲ့ အနုပညာကဏ္ဍများမှ အနုပညာရှင်များ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ ဇန်နဝါရီ ၃၁ ရက်အထိ လျှောက်ထားနိုင်မှာဖြစ်ပြီး အသေးစိတ်ကို https://bit.ly/2FgAZvA မှာ လေ့လာနိုင်ပါတယ်။ အဆိုပါ အစီအစဉ်ကို စိတ်ဝင်စားပြီး မေးမြန်းလိုသူတွေအတွက် ဗြိတိသျှကောင်စီရဲ့ Arts ဌာနမှ တာဝန်ရှိသူတွေနဲ့ လူကိုယ်တိုင် လာရောက်တွေ့ဆုံမေးမြန်းနိုင်မယ့် drop in session ကို ဗြိတိသျှကောင်စီ (ရန်ကုန်) စာကြည့်တိုက်မှာ ဇန်နဝါရီ ၁၅ ရက်၊ နေ့လယ် ၃ နာရီမှ ညနေ ၅ နာရီအတွင်း၊ ဗြိတိသျှကောင်စီ (မန္တလေး) စာကြည့်တိုက်မှာ ဇန်နဝါရီ ၁၁ ရက်၊ နေ့လယ် ၃ နာရီမှ ညနေ ၅ နာရီအတွင်း ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

-ဝေဝေ