ယခုလအတွင်း Reno စီးရီး ဖုန်းသစ်ကို Oppo မိတ်ဆက်နိုင်

[Zawgyi]



စိုးထက်
Ref: GSMArena

[Unicode]

OPPO ဟာ မေလက အိန္ဒိယနိုင်ငံမှာ Reno နဲ့ Reno 10x zoom ကိုမိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင် Oppo ဟာ တတိယမြောက် Reno စီးရီးမော်ဒယ်ကို ဒီလအကုန်မှာ အိန္ဒိယအတွက် မိတ်ဆက်သွားမယ်လို့ The Mobile Indian ကဖော်ပြခဲ့ပါတယ်။
အသစ်ထွက်ရှိမယ့် Reno စမတ်ဖုန်းသစ်ကို အိန္ဒိယမှာ စတင်ရောင်းချမှာဖြစ်ပြီး ဒေါ်လာ ၅၀၀ ကျသင့်နိုင်ပါတယ်။ ဒါပေမဲ့ IANS ရဲ့ဖော်ပြချက်အရ Reno စမတ်ဖုန်းသစ်ဟာ ၅၇၅ ဒေါ်လာအထိ ကျသင့်နိုင်ပြီး အောက်တိုဘာလနှောင်းပိုင်း ဒေပါဝါလီပွဲတော်အမီ ထွက်ရှိလာနိုင်ပါတယ်။
စိုးထက်
Ref: GSMArena