ယခုနှစ်အတွင်း ထွက်ရှိမယ့် Motorola razr ဓာတ်ပုံတွေ ထွက်ပေါ်

ဒီဇိုင်းပိုင်းပြင်ဆင်ထားတဲ့ Motorola razr 2019 ဓာတ်ပုံတွေ အမြည်းထွက်ပေါ်လာပေမယ့် တရားဝင် သရုပ်ဖော်ပုံတော့ မထွက်သေးပါဘူး။ Motorola ဟာ နိုဝင်ဘာ ၁၃ ရက်မှာ နာမည်ကျော်ထုတ်ကုန်ကို ပြန်လည်ပြင်ဆင်ပြီး မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Evan Blass ကလည်း Motorola razr ကြော်ငြာဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။

Motorola razr 2019 ထုတ်ကုန်မှာ fingerprint sensor ပါဝင်လာနိုင်တာကို ပုံမှာတွေ့ရပါတယ်။ ဒါ့အပြင် Evan Blass က အရည်အသွေးနိမ့်ပါးတဲ့ ပုံတွေကိုလည်း ဖော်ပြခဲ့ပါတယ်။ Motorola razr မှာ ပတ္တာပုံစံကို အသုံးပြုထားပြီး ဖုန်းမှာ ဒုတိယမျက်နှာပြင် တစ်ခုလည်း ပါဝင်လာဖွယ်ရှိပါတယ်။ Motorola အနေနဲ့ ၂၀၀၄ ခုနှစ် က Razr V3 စမတ်ဖုန်းဒီဇိုင်းကို razr စမတ်ဖုန်းသစ်မှာ အသုံးပြုထားဖွယ် ရှိပါတယ်။

ကောလာဟလသတင်းတွေအရ razr မှာ ၆.၂ လက်မ OLED အဓိက display နဲ့ ရုပ်ထွက်အရည်အသွေး 600x800px ရှိတဲ့ ဒုတိယမြောက် မျက်နှာပြင် ပါဝင်လာနိုင်ပါတယ်။ razr မှာ Snapdragon 710 ကို RAM 4/6GB နဲ့ storage 128GB နဲ့တွဲဖက်ဖွယ်ရှိပါတယ်။ ဘက်ထရီကတော့ 2,730mAh ပါဝင်လာဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena