မႏၲေလးၿမိဳ႕ရွိ ၿဗိတိသွ်ေကာင္စီ စာၾကည့္တုိက္တြင္ ကေလးမ်ားအတြက္ Reading Challenge ၿပိဳင္ပြဲက်င္းပမည္

[Zawgyi]

မႏၲေလးၿမိဳ႕ရွိ ၿဗိတိသွ်ေကာင္စီ စာၾကည့္တုိက္မွာ အသက္ ၇ ႏွစ္မွ ၁၅ ႏွစ္အရြယ္ ကေလးမ်ားအတြက္ Reading Challenge စာဖတ္ၿပိဳင္ပြဲကို ေမလ ၁၉ ရက္မွ ဇြန္လ ၁၆ ရက္အထိ က်င္းပသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ၿပိဳင္ပြဲဝင္လိုသူေတြ အေနနဲ႔ မႏၲေလးၿမိဳ႕ရွိ ၿဗိတိသွ်ေကာင္စီစာၾကည့္တုိက္ အသင္း၀င္ျဖစ္ရမွာ ျဖစ္ၿပီး ပထမအ ဆင့္အေနနဲ႔ ခင္းက်င္းျပသထားတဲ့ Animal Agents collection မွ စာအုပ္မ်ားကို အသက္အပိုင္းအျခားလုိက္ ေရြးခ်ယ္ကာ အနည္းဆံုး ေျခာက္အုပ္ျပည့္ေအာင္ ဖတ္ရႈရမွာျဖစ္တယ္လို႔ သိရပါတယ္။ ဒုတိယအဆင့္အေနနဲ႔ မိမိ ဖတ္ရႈၿပီးတဲ့ စာအုပ္မ်ားအတြင္းမွ ႏွစ္သက္ရာ စာအုပ္တစ္အုပ္ကို ေရြးခ်ယ္ၿပီး အသက္အပိုင္းအျခား အလုိက္ အက်ဥ္းခ်ဳပ္ (Book Review) ေရး၍လည္းေကာင္း၊ စာအုပ္အတြင္းပါ၀င္တဲ့ မိမိႀကိဳက္ႏွစ္သက္ရာ ဇာတ္ေကာင္အား ပံုတူေရးျခယ္ျခင္း (Drawing Competition) ကိုလည္းေကာင္း ၀င္ေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါ တယ္။

ၿပိဳင္ပြဲအၿပီးမွာ စာအုပ္ ၆ အုပ္ ဖတ္ရႈၿပီးစီးသူမ်ားကို ဆုတံဆိပ္ (Animal Agents Medal) နဲ႔ ဂုဏ္ျပဳလႊာ (Certificate) မ်ား ေပးအပ္မွာျဖစ္ပါတယ္။ Book Review နဲ႔ Drawing Competition မွာ ဆုရရွိတဲ့သူေတြကို ဆုလက္ေဆာင္မ်ား ေပးအပ္သြားမယ္လို႔ သိရပါတယ္။ အေသးစိတ္သိရိွလိုပါက မႏၱေလး ၿဗိတိသွ်ေကာင္စီ စာၾကည့္တုိက္ ဖုန္း – ၀၉ ၉၅ ၂၂ ၃၃၉၀၄ (လုိင္းခြဲ ၈၀၁) ကို ဆက္သြယ္စံုစမ္းႏုိင္ပါတယ္။

-ေဝေဝ

[Unicode]

မန္တလေးမြို့ရှိ ဗြိတိသျှကောင်စီ စာကြည့်တိုက်မှာ အသက် ရ နှစ်မှ ၁၅ နှစ်အရွယ် ကလေးများအတွက် Reading Challenge စာဖတ်ပြိုင်ပွဲကို မေလ ၁၉ ရက်မှ ဇွန်လ ၁၆ ရက်အထိ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်လိုသူတွေ အနေနဲ့ မန္တလေးမြို့ရှိ ဗြိတိသျှကောင်စီစာကြည့်တိုက် အသင်းဝင်ဖြစ်ရမှာ ဖြစ်ပြီး ပထမအ ဆင့်အနေနဲ့ ခင်းကျင်းပြသထားတဲ့ Animal Agents collection မှ စာအုပ်များကို အသက်အပိုင်းအခြားလိုက် ရွေးချယ်ကာ အနည်းဆုံး ခြောက်အုပ်ပြည့်အောင် ဖတ်ရှုရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒုတိယအဆင့်အနေနဲ့ မိမိ ဖတ်ရှုပြီးတဲ့ စာအုပ်များအတွင်းမှ နှစ်သက်ရာ စာအုပ်တစ်အုပ်ကို ရွေးချယ်ပြီး အသက်အပိုင်းအခြား အလိုက် အကျဉ်းချုပ် (Book Review) ရေး၍လည်းကောင်း၊ စာအုပ်အတွင်းပါ၀င်တဲ့ မိမိကြိုက်နှစ်သက်ရာ ဇာတ်ကောင်အား ပုံတူရေးခြယ်ခြင်း (Drawing Competition) ကိုလည်းကောင်း ၀င်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါ တယ်။

ပြိုင်ပွဲအပြီးမှာ စာအုပ် ၆ အုပ် ဖတ်ရှုပြီးစီးသူများကို ဆုတံဆိပ် (Animal Agents Medal) နဲ့ ဂုဏ်ပြုလွှာ (Certificate) များ ပေးအပ်မှာဖြစ်ပါတယ်။ Book Review နဲ့ Drawing Competition မှာ ဆုရရှိတဲ့သူတွေကို ဆုလက်ဆောင်များ ပေးအပ်သွားမယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက မန္တလေး ဗြိတိသျှကောင်စီ စာကြည့်တိုက် ဖုန်း – ၀၉ ၉၅ ၂၂ ၃၃၉၀၄ (လိုင်းခွဲ ၈၀၁) ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ဝေဝေ