မန္တလေးတက္ကသိုလ် MBA အချိန်ပြည့် သင်တန်းအတွက် လျှောက်လွှာခေါ်ယူ





-သန္တာ

[ Unicode ]

၂၀၁၈-၂၀၁၉ ခုနှစ် မန္တလေးတက္ကသိုလ်ရဲ့ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့ (MBA) အချိန်ပြည့်သင်တန်း အမှတ် (၈) အတွက် လျှောက်လွှာခေါ်ယူနေပါတယ်။

သင်တန်းကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ၊ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂ နှစ် ရှိသူတွေ လျှောက်ထားတက်ရောက်နိုင်ပါတယ်။

လျှောက်လွှာပုံစံတွေကို မန္တလေးတက္ကသိုလ် စီးပွားရေးပညာဌာန (လေးထပ်ဆောင်) မှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်မှ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး သြဂုတ်လ ၂၇ ရက်နောက်ဆုံးထားကာ ပြန်လည် တင်သွင်းရမှာပါ။

သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို စက်တင်ဘာလ ၁ ရက်၊ မန္တလေးတက္ကသိုလ်မှာ ဖြေဆိုရမှာဖြစ်ပြီး လျှောက်ထားလိုသူတွေ အနေနဲ့ ဌာနမှူး၊ သင်တန်းရေးရာဌာန၊ မန္တလေးတက္ကသိုလ် ဖုန်း -(၀၉-၄၀၀၀၀၉၅၃၆၊ ၀၂-၂၈၃၂၁၂၉) နဲ့ စီးပွားရေးပညာဌာန၊ မန္တလေးတက္ကသိုလ် ဖုန်း – ၀၉၄၂၄၉၄၂၈၂၇၊ ၀၉၇၆၀၆၁၂၆၅၂ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ