မန္တလေးမြို့တွင် အခမဲ့တက်ရောက်နိုင်မည့် Game Development Workshop ပြုလုပ်မည်

ကိုယ်ပိုင် Game တစ်ခု ဖန်တီးတည်ဆောက်ဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် မန္တလေးက Space မှာ Game Development Workshop ကို အခမဲ့ တက်ရောက်နိုင်မယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၇၊ ၂၈ ရက်၊ မနက် ၉ နာရီကနေ ညနေ ၄ နာရီ အထိ ပြုလုပ်မှာဖြစ်ပြီး workshop မှာ Unity Game Engine ကို အသုံးပြုပြီး 2D Game တစ်ခု တည်ဆောက်နည်း၊ 3 D Game တစ်ခု တည်ဆောက်နည်းတွေကို လက်တွေ့ Project တွေနဲ့ တည်ဆောက်ပြ သွားမယ်လို့ သိရပါတယ်။ တက်ရောက်ခွင့်ရသူတွေ အနေနဲ့ ကိုယ်ပိုင် laptop တစ်လုံး ယူဆောင်ခဲ့ရမှာ ဖြစ်ပြီး လူဦးရေ ၁၅ ဦးကိုသာ လက်ခံမှာဖြစ်ကာ အသေးစိတ်ကို ဖုန်း ၀၉ ၄၄၉၃၃၂၂၂၆ မှာ စုံစမ်းနိုင်မယ်လို့ သိရပါတယ်။

-ကောင်းမြတ်ထွန်း