မႏၱလာဒီဂရီ​ေကာလိပ္​ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္​ BTHM သင္တန္း ပထမႏွစ္ သင္တန္းသား ဦး​ေရ ၂၀၀ ​ေခၚယူမည္

[Zawgyi]

မႏၱလာဒီဂရီေကာလိပ္ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ BTHM သင္တန္း ပထမႏွစ္သင္တန္းသားဦးေရ ၂၀၀ ေခၚယူမယ္လို႔သိရပါတယ္။

အဆိုပါ Bachelor of Tourism and Hospitality Management ေလးႏွစ္သင္တန္းကို ၂၀၁၈ ခုႏွစ္ တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးသူမ်ား၊ အဂၤလိပ္စာရမွတ္ အနည္းဆံုး ၆၀ ရ႐ွိကာ စုစုေပါင္းရမွတ္ ၄၀၀ နဲ႔အထက္ရရွိသူေတြ ေလ်ွာက္ထားႏိုင္ပါတယ္။

သတ္မွတ္ေလွ်ာက္လႊာပံုစံကုိ မႏၲလာဒီဂရီေကာလိပ္ေက်ာင္းသားေရးရာဌာနမွာ လည္းေကာင္း၊ https://www.mdl.edu.mm/wp-content/uploads/2018/07/BTHM.pdf မွာလည္းေကာင္း ထုတ္ယူကာ တိုက္႐ိုက္ေလ်ွာက္ထားႏိုင္ပါတယ္။ သင္တန္းကို ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၃ ရက္မွာ ဖြင့္လွစ္မွာျဖစ္ၿပီး ၾသဂုတ္လ ၁ ရက္မွစတင္ၿပီး ေလ်ွာက္လႊာေတြကို ရယူႏိုင္ကာ ၾသဂုတ္လ ၃၁ ရက္ေနာက္ဆံုးထား ျပန္လည္တင္သြင္းရမွာပါ။

၀င္ခြင့္ရရွိသူေတြကို ေအာက္တိုဘာလ ၁၅ ရက္မွာေၾကညာေပးမွာျဖစ္ၿပီး ႏိုဝင္ဘာလ ၁၅ ရက္မွာ ေက်ာင္း၀င္မွတ္ပံုတင္ရမွာျဖစ္ပါတယ္။ ေလွ်ာက္လႊာနဲ႔အတူ တကၠသိုလ္၀င္ခြင့္စာေမးပြဲမွာရရွိတဲ့ ရမွတ္စာရင္းမူရင္း၊
ေလွ်ာက္ထားသူနဲ႔ မိဘႏွစ္ပါးစလံုးရဲ႕ ႏိုင္ငံသားစိစစ္ေရးကတ္ျပား (မိတၱဴ)၊ လိုင္စင္ဓာတ္ပံု (၂) ပံု (ပူးတြဲ) တင္ျပရမွာျဖစ္ၿပီး ၀င္ခြင့္ရရွိသူေတြကို ေက်ာင္းလာေရာက္အပ္ႏွံတဲ့အခါ ေက်ာင္းသားနဲ႔ မိဘႏွစ္ပါးရဲ႕ ႏိုင္ငံသားစိစစ္ေရးကတ္ျပားမူရင္းမ်ားကို မပ်က္မကြက္ (မပ်က္မကြက္) ယူေဆာင္လာရမွာပါ။

အေသးစိတ္သိရွိလိုပါက မႏၲလာဒီဂရီေကာလိပ္ သင္တန္းေရးရာဌာန ဖုန္း-၀၂-၅၁၅၄၈၅၆၊ ၀၉-၄၇၀၅၂၁၅၉ ကုိ ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္။

-သႏၲာ

Photo credit: မႏၱလာဒီဂရီ​ေကာလိပ္​

[Unicode]

မန္တလာဒီဂရီကောလိပ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် BTHM သင်တန်း ပထမနှစ်သင်တန်းသားဦးရေ ၂၀၀ ခေါ်ယူမယ်လို့သိရပါတယ်။

အဆိုပါ Bachelor of Tourism and Hospitality Management လေးနှစ်သင်တန်းကို ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ အင်္ဂလိပ်စာရမှတ် အနည်းဆုံး ၆၀ ရရှိကာ စုစုပေါင်းရမှတ် ၄၀၀ နဲ့အထက်ရရှိသူတွေ လျှောက်ထားနိုင်ပါတယ်။

သတ်မှတ်လျှောက်လွှာပုံစံကို မန္တလာဒီဂရီကောလိပ်ကျောင်းသားရေးရာဌာနမှာ လည်းကောင်း၊ https://www.mdl.edu.mm/wp-content/uploads/2018/07/BTHM.pdf မှာလည်းကောင်း ထုတ်ယူကာ တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ သင်တန်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်မှာ ဖွင့်လှစ်မှာဖြစ်ပြီး သြဂုတ်လ ၁ ရက်မှစတင်ပြီး လျှောက်လွှာတွေကို ရယူနိုင်ကာ သြဂုတ်လ ၃၁ ရက်နောက်ဆုံးထား ပြန်လည်တင်သွင်းရမှာပါ။

၀င်ခွင့်ရရှိသူတွေကို အောက်တိုဘာလ ၁၅ ရက်မှာကြေညာပေးမှာဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်မှာ ကျောင်းဝင်မှတ်ပုံတင်ရမှာဖြစ်ပါတယ်။ လျှောက်လွှာနဲ့အတူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာရရှိတဲ့ ရမှတ်စာရင်းမူရင်း၊
လျှောက်ထားသူနဲ့ မိဘနှစ်ပါးစလုံးရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)၊ လိုင်စင်ဓာတ်ပုံ (၂) ပုံ (ပူးတွဲ) တင်ပြရမှာဖြစ်ပြီး ၀င်ခွင့်ရရှိသူတွေကို ကျောင်းလာရောက်အပ်နှံတဲ့အခါ ကျောင်းသားနဲ့ မိဘနှစ်ပါးရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းများကို မပျက်မကွက် (မပျက်မကွက်) ယူဆောင်လာရမှာပါ။

အသေးစိတ်သိရှိလိုပါက မန္တလာဒီဂရီကောလိပ် သင်တန်းရေးရာဌာန ဖုန်း-၀၂-၅၁၅၄၈၅၆၊ ၀၉-၄၇၀၅၂၁၅၉ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

Photo credit: မန္တလာဒီဂရီ​ကောလိပ်​