မၾကာမီ ဒုတိယေျမာက္ 5G ဖုန္းကုိ မိတ္ဆက္မည္ဟု OnePlus အမႈေဆာင္အရာရွိခ်ဳပ္ အတည္ျပဳ

[ Zawgyi ]

OnePlus ဟာ မၾကာေသးခင္က ဒီႏွစ္အတြင္း ကုမၸဏီရဲ႕ပထမဆုံး 5G ထုတ္ကုန္ကုိ မိတ္ဆက္ခဲ့ပါတယ္။ ဒါေပမဲ့ OnePlus ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ ပီလူကေတာ့ ဒုတိယ 5G ဖုန္းကုိ မိတ္ဆက္ဖို႔ ျပင္ဆင္ေနပါတယ္။

အနာဂတ္မွာ 5G ကာလက ခ်ဥ္းကပ္လာၿပီး OnePlus က ပုိမိုရင္းႏွီးျမႇဳပ္ႏွံသြားမယ္လို႔ အမႈေဆာင္အရာရွိခ်ဳပ္က ေျပာခဲ့ပါတယ္။ OnePlus ရဲ႕ဝန္ထမ္းအင္အားက ၁,၇၀၀ ေက်ာ္အထိ ရွိလာၿပီး သုေတသနနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈအပိုင္းကို အာ႐ုံစိုက္လုပ္ကုိင္သြားပါမယ္။ ၂၀၁၉ ခုႏွစ္ရဲ႕ စတုတၳေျမာက္ သုံးလပတ္အတြင္း တစ္ကမ႓ာလုံးဆီ 5G ဖုန္းသစ္ကုိ ျဖန္႔ခ်ိသြားပါမယ္။ “တကယ္လို႔ ၂၀၂၀ ခုႏွစ္အတြင္း တန္ဖိုးႀကီး လိုခ်င္တယ္ဆုိရင္ အဲဒီဖုန္းမွာ 5G နည္းပညာ ပါဝင္လာမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေမလက OnePlus ဟာ ကုမၸဏီရဲ႕ပထမဆုံး 5G စမတ္ဖုန္း OnePlus 7 Pro ကုိ EE ကြန္ရက္ရွိတဲ့ ယူေကမွာ ျဖန္႔ခ်ိပါတယ္။ ေနာက္ပုိင္းမွာ Elisa ကြန္ရက္ရွိတဲ့ ဖင္လန္အျပင္ ေျမာက္အေမရိကမွာလည္း OnePlus 7 Pro 5G ကုိ ျဖန္႔ခ်ိဖြယ္ရွိပါတယ္။

စိုးထက္
Ref: Pocket-lint

[ Unicode ]

OnePlus ဟာ မကြာသေးခင်က ဒီနှစ်အတွင်း ကုမ္ပဏီရဲ့ပထမဆုံး 5G ထုတ်ကုန်ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ OnePlus ရဲ့အမှုဆောင်အရာရှိချုပ် ပီလူကတော့ ဒုတိယ 5G ဖုန်းကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။

အနာဂတ်မှာ 5G ကာလက ချဉ်းကပ်လာပြီး OnePlus က ပိုမိုရင်းနှီးမြှုပ်နှံသွားမယ်လို့ အမှုဆောင်အရာရှိချုပ်က ပြောခဲ့ပါတယ်။ OnePlus ရဲ့ဝန်ထမ်းအင်အားက ၁,၇၀၀ ကျော်အထိ ရှိလာပြီး သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းကို အာရုံစိုက်လုပ်ကိုင်သွားပါမယ်။ ၂၀၁၉ ခုနှစ်ရဲ့ စတုတ္ထမြောက် သုံးလပတ်အတွင်း တစ်ကမ႓ာလုံးဆီ 5G ဖုန်းသစ်ကို ဖြန့်ချိသွားပါမယ်။ “တကယ်လို့ ၂၀၂၀ ခုနှစ်အတွင်း တန်ဖိုးကြီး လိုချင်တယ်ဆိုရင် အဲဒီဖုန်းမှာ 5G နည်းပညာ ပါဝင်လာမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလက OnePlus ဟာ ကုမ္ပဏီရဲ့ပထမဆုံး 5G စမတ်ဖုန်း OnePlus 7 Pro ကို EE ကွန်ရက်ရှိတဲ့ ယူကေမှာ ဖြန့်ချိပါတယ်။ နောက်ပိုင်းမှာ Elisa ကွန်ရက်ရှိတဲ့ ဖင်လန်အပြင် မြောက်အမေရိကမှာလည်း OnePlus 7 Pro 5G ကို ဖြန့်ချိဖွယ်ရှိပါတယ်။

Ref: Pocket-lint