မှန်ထည်တစ်ခုတည်းနဲ့ ပြုလုပ်ထားတဲ့ iMac ကို Apple မူပိုင်ခွင့်တင်

Apple ဟာစိတ်ကူးဉာဏ်ဆန်းသစ်တဲ့ မူပိုင်ခွင့်တွေအမျိုးမျိုးကို မူပိုင်ခွင့်တင်လေ့ရှိပါတယ်။ အခုအခါမှာလည်း မှန်ထည်တစ်ခုတည်းနဲ့ ပြုလုပ်ထားတဲ့ iMac ထုတ်ကုန်ကို မူပိုခွင့်တင်ခဲ့ပါတယ်။

Apple ရဲ့မူပိုင်ခွင့်မှာ display ဧရိယာအဖြစ် အသုံးတော်ခံမယ့် အပေါ်ဘက်အပိုင်းနဲ့အတူ အီလက်ထရောနစ်ထုတ်ကုန်တစ်ခုလို့ ရေးသားထားပါတယ်။ အောက်ဘက်ခြမ်းကတော့ input ဧရိယာဖြစ်ပြီး အပေါ်ဘက်နဲ့ အောက်ဘက်အကြား မျက်နှာပြင်အကွေးပုံစံ ထက်ဝက်ခြမ်းထားတယ်လို့ သိရပါတယ်။ထုတ်ကုန်ရဲ့အောက်ဘက်ခြမ်းကတော့ desktop ပုံစံဖြစ်ပြီး input ထုတ်ကုန်တွေဖြစ်တဲ့ mouse နဲ့တွဲဖက်အသုံးပြုနိုင်ပါတယ်။ ကြီးမားတဲ့ဧရိယာကတော့ display ဖြစ်ပြီး တစ်ခုခုအပေါ် အမှီပြုနိုင်ပါတယ်။ ထုတ်ကုန်ဒီဇိုင်းအရ Mac ရဲ့မျက်နှာပြင်အကွေး ဒီဇိုင်းပဲ သုံးထားတဲ့အတွက် မှီထားဖို့ တွဲဖက်ပစ္စည်းတစ်ခု လိုအပ်ပါတယ်။ အဲဒီတွဲဖက်ပစ္စည်းက မျက်နှာပြင်ရှုထောင့်ကို ချိန်ညှိနိုင်ပါမယ်။

ထုတ်ကုန်ရဲ့မျက်နှာပြင်က ပြောင်းလွယ်၊ ပြင်လွယ်ရှိပြီး touchscreen လိုမျိုး အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Apple အနေနဲ့ ထုတ်ကုန်ဒီဇိုင်းကိုလည်း မူပိုင်ခွင့်မှာ ဖော်ပြထားပါတယ်။ ထုတ်ကုန်မှာ မှန်ထည်အောက်ဘက်မှာ ကွက်တိထည့်သွင်းပြီး ဖြုတ်နိုင်၊ တပ်နိုင်တဲ့ keyboard ပါဝင်လာပါမယ်။

-စိုးထက်
Ref: MacRumors