မှန်ကန်‌သောပညာရေးလမ်းကြောင်းရွေးချယ်နိုင်စေရန်အတွက် EBT free online class ဖွင့်မည်

ပညာရေးလမ်းကြောင်းရွေးချယ်ရာမှာ အခက်အခဲ မရှိဘဲ ကိုယ်ဝါသနာပါရာ လမ်းကြောင်းကို တိတိကျကျ ရွေးချယ်နိုင် ဖို့ရည်ရွယ်ပြီး EBT Free Online class ကို Royal Academic Instituteမှ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းက တစ်ပတ်ကြာမြင့်မှာ ဖြစ်ပြီး အခမဲ့သင်ကြားပေးမှာ ဖြစ်ပါတယ်။ Business,Science ,ICT, psychology အပြင် အင်္ဂလိပ် စတဲ့ ဘာသာရပ်တွေပါ သင်ကြားပေးသွားမှာဖြစ်သလို Independent study skills, Social and Emotional Learning နဲ့ psychology ဘာသာရပ်တွေပါ လေ့လာခွင့်ရမှာဖြစ်ပါတယ်။. ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဘာသာရပ်စုံစုံလင်လင် လေ့လာရမှာ ဖြစ်ပြီး မိမိတို့ တကယ်စိတ်ဝင်စားတဲ့ ပညာရပ်ဆိုင်ရာလမ်းကြောင်းတွေကို ရွေးချယ်ရာမှာ အများကြီး အထောက်အကူရမှာဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ်အချက်အလက်တွေကို CROWN Education/ RAI Digital Learning Institute ၏ Messenger (သို့) ၀၉၉၇၇၉၇၇၂၀၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။