
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊စန်းကြီးလူငယ်သင်တန်းကျောင်းဝန်း အတွင်းမှာရှိတဲ့ အထူးပြုစုစောင့်ရှောက်ရန် လိုအပ်သော ကလေးများ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း (Special Needs Children School) သို့ သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို နိုဝင်ဘာ ၁၇ ရက်၊ ယနေ့ ညနေ ၃ နာရီက အွန်လိုင်းမှ တစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားသို့ ကလေးများအတွက် သင်ကြားမှု သင်ထောက်ကူပစ္စည်းများကို လှူဒါန်းပေးသော မြန်မာနိုင်ငံ အစ္စရေးနိုင်ငံဆိုင်ရာသံအမတ်ကြီး မိသားစုနှင့် သံရုံးမှတာဝန်ရှိသူများ၊ စက်ဘီး ၁၀ စီးလှူဒါန်းပေးသော MCM ကုမ္ပဏီလီမိတက်မှ စီအီးအို ဦးအောင်လှိုင်ဦးနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဦးထိန်လင်း၊ မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်နှင့်အဖွဲ့ တို့ တက်ရောက်ခဲ့ကြပါတယ်။
-အောင်သူ
»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««