မြောက်ကိုရီးယားကို ကူညီခဲ့တဲ့ Crptocurrency ပညာရှင်ကို ဖမ်းဆီး

မြောက်ကိုရီးယားဟာ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုတွေကို ရှောင်လွှဲဖို့ cryptocurrency ကို အသုံးပြုနေတယ်လို့ စွပ်စွဲခံနေရာတာ ကြာမြင့်ပြီ ဖြစ်ပါတယ်။

Ethereum စီမံကိန်းအဖွဲ့ဝင်နဲ့ cryptocurrency ပညာရှင် ဗာဂျီဂရစ်ဖင်ဟာ မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုကိုရှောင်လွှဲဖို့ blockchain နဲ့ cryptocurrency အသုံးပြုမှုနဲ့ ပတ်သက်တဲ့ နည်းပညာကွန်ဖရင့်ကို တက်ရောက်ခဲ့အတွက် အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ဗာဂျီဂရစ်ဖစ်ဟာ စင်ကာပူမှာ နေထိုင်တဲ့ အမေရိကန်နိုင်ငံသားဖြစ်ပါတယ်။ ဗာဂျီဂရစ်ဖစ်ကို လော့အိန်ဂျလိစ်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးခဲ့ပြီး တရားရုံးမှာစွဲချက်တင်ထားပါတယ်။ ဂရစ်ဖစ်ဟာ ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး ပြုံယမ်း blockchain နဲ့ cryptocurrency ကွန်ဖရင့်မှာ နည်းပညာဆိုင်ရာ ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ အမေရိကန်တရားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂရစ်ဖင်က မြောက်ကိုရီးယားသို့ သွားရောက်ပြီး ကွန်ဖရင့်တက်တာကို အမေရိကန်နိုင်ငံခြားရေးဌာနက ခွင့်ပြုချက်မပေးခဲ့သလို သတိပေးမှုလည်း ပြုလုပ်ခဲ့ပါတယ်။

ဂရစ်ဖင်အနေနဲ့ အမေရိကန်စီးပွားရေးပိတ်ဆို့မှုကို ချိုးဖောက်ဖို့ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားအကြား Cryptocurrency-1 (Ether) ကို ပိုမိုလွယ်ကူအောင် အသုံးပြုနိုင်ဖို့ စီစဉ်ခဲ့သေးတယ်လို့ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားချက်မှာ ဖော်ပြထားပါသေးတယ်။ ဂရစ်ဖင်ဟာ နိုင်ငံတကာအရေးပေါ် စီးပွားရေးအခွင့်အာဏာ အက်ဥပဒေကို ချိုးဖောက်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ ဒါကြောင့် အမိန့်ချမှတ်ခံရမယ်ဆိုရင် ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ခံရနိုင်ပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယားစီမံကိန်းကို ငွေကြေးထောက်ပံ့ဖို့ cryptocurrency ကဏ္ဍအတွင်း ဒေါ်လာဘီလျံပေါင်းများစွာ ခိုးယူနေတယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။

စိုးထက်
Ref: Engadget