မြန်မာ-ဂျပန်အသင်း၏ တက္ကသိုလ်ပညာသင်ဆုအတွက် အဆိုပြုလွှာများ ခေါ်ယူ

မြန်မာ-ဂျပန်အသင်း (MJA) မှ ၂၀၁၉ ဒီဇင်ဘာ ၁ ရက်မှာ စတင်မယ့် ၂၀၁၉-၂၀၂၀ စာသင်နှစ်အတွက် မြန်မာ-ဂျပန်အသင်းရဲ့ တက္ကသိုလ်ပညာသင်ဆုကို ပေးအပ်သွားမယ်လို့သိရပါတယ်။

ပညာသင်ဆုကို တက္ကသိုလ်ဒုတိယနှစ် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၅) ဦးကို တစ်ဦးလျှင် ကျပ်(၅)သိန်းစီ ပေးအပ်သွားမယ်လို့ သိရပါတယ်။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) မှ ဂျပန်ဘာသာအဓိက (၁၅) ဦး၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် (MUFL) မှ ဂျပန်ဘာသာအဓိက (၁၅) ဦး၊ ပညာရေးတက္ကသိုလ် (ရန်ကုန်) မှ (၁၀) ဦး၊ ပညာရေးတက္ကသိုလ် (စစ်ကိုင်း) မှ (၁၀) ဦး၊ စီးပွားရေးတက္ကသိုလ် (ရန်ကုန်) မှ (၁၀) ဦး၊ နည်းပညာတက္ကသိုလ် (ရန်ကုန်) မှ (၅) ဦး၊ ယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်) မှ (၅) ဦး၊ သူနာပြုတက္ကသိုလ် (ရန်ကုန်) မှ (၅) ဦး ကို ရွေးချယ်ပေးအပ်သွားမှာဖြစ်ပါတယ်။

အဆိုပြုလွှာများကို မြန်မာ-ဂျပန်အသင်းမှ သတ်မှတ်ထားတဲ့ အဆိုပြုလွှာများကို အသုံးပြု၍ မြန်မာ-ဂျပန်အသင်းသို့ ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားကာ ပေးပို့လျှောက်ထားရမှာ ဖြစ်ပါတယ်။ အဆိုပြုလွှာများကို တက္ကသိုလ်များအလိုက် ပေးပို့ထားရှိပြီး အသေးစိတ် အချက်အလက်တွေကို တက္ကသိုလ်အလိုက် စုံစမ်းဆက်သွယ်ရယူ၍ လျှောက်ထားနိုင်မယ်လို့သိရပါတယ်။

-သန္တာ