
အောက်တိုဘာ ၁၃ ရက်မှာ ကျရောက်မယ့် နှစ် (၁၀၀) ပြည့် မြန်မာ့ရုပ်ရှင်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အွန်လိုင်းရုပ်ရှင်ပွဲတော်ကို အောက်တိုဘာ ၈ ရက် မှ ၃၁ ရက် အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
အွန်လိုင်းရုပ်ရှင်ပွဲတော်မှာ Mahar Mobile Application နဲ့ မြန်မာရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားပေါင်း ၂၅၀၀ ကျော်ကို Promo Cod (102020) နဲ့ အောက်တိုဘာ ၈ ရက် မှ ၃၁ ရက် အထိ လည်းကောင်း၊ Cookie Application နဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားပေါင်း ၅၀ ကျော်၊ ရုပ်သံလိုင်းပေါင်း ၅၀ ကျော်နဲ့ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် Movie Album တွေကို Promocode (MMFILM 100) နဲ့ အောက်တိုဘာ ၁၃ ရက် မှ ၃၁ ရက် အထိလည်းကောင်း၊ Pyone Play Application နဲ့ မြန်မာရုပ်ရှင်ဇာတ်ကား ၃၀ နဲ့ ဇာတ်လမ်းတွဲတွေကို လည်းကောင်း အခမဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ အွန်လိုင်းရုပ်ရှင်ပွဲတော်ကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတို့ ပူးပေါင်းပြုလုပ်တာ ဖြစ်ပြီး အွန်လိုင်းရုပ်ရှင်ပွဲတော်ကို ခေတ်အဆက်ဆက် ရိုက်ကူးပြသခဲ့ကြတဲ့ မြန်မာ့ရုင်ရှင် အနုပညာရှင်၊ အတတ်ပညာရှင်များရဲ့ အနုပညာအစွမ်းများကို ပြန်လည်ခံစားသိမြင်နိုင်စေရန်၊ မြန်မာ့ရုပ်ရှင်ကိုနှစ်သက်သည့် ပြည်တွင်းပြည်ပမှ ရုပ်ရှင်ပရိသတ်များ အနေနဲ့ မိမိကြိုက်နှစ်သက်ရာ ဇာတ်ကားများ ရွေးချယ်ကြည့်ရှုနိုင်စေရန်နဲ့ ရုပ်ရှင် ချစ်ပရိသတ်တွေကို ကိုဗစ် ၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက် တွေနဲ့အညီ မိမိတို့နေရာအသီးသီးမှာ လုံခြုံကျန်းမာဘေးကင်းစွာ ကြည့်ရှုနိုင်ရန် ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်။
-သန္တာ
»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««