မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချမည်

မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ စာတိုက်လုပ်ငန်းမှ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အခမ်းအနား အထိမ်းအမှတ် ၂၀၀ ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် တစ်မျိုကို အောက်တိုဘာ ၁၃ ရက် (ယနေ့) နံနက် ၉ နာရီခွဲ မှစတင်ကာ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး နဲ့ တိုင်းဒေသကြီး /ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများမှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

အထူးအစီအစဥ် အနေနဲ့ အောက်တိုဘာ ၁၃ ရက်မှာ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး နဲ့ မန္တလေးစာတိုက်ကြီး တို့မှ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့ စာအိတ် (Firstday Cover) များပေါ်တွင် နေ့စွဲ အမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမှာ ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««