မြန်မာအမျိုးသမီး ပန်းချီပညာရှင်များ၏ ပန်းချီကားများ ကို အမျိုးသားပြတိုက် ရန်ကုန် ဝက်ဘ်ဆိုက် တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်

မြန်မာအမျိုးသမီး ပန်းချီပညာရှင်တွေရဲ့ ပန်းချီကား‌တွေကို Online Art Exhibition အဖြစ် အမျိုးသားပြတိုက် ရန်ကုန်ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ Exhibition ကို ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၅) နှစ် မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြုလုပ်ခြင်းဖြစ်ပါတယ်။ မြန်မာအမျိုးသမီးပန်းချီပညာရှင် ၇၅ ဦး ရဲ့ပန်းချီကား ၇၅ ကားကို Online Art Exhibition အဖြစ် အမျိုးသားပြတိုက် (ရန်ကုန်)၏ ဝက်ဘ်ဆိုက်ဖြစ်တဲ့ [https://www.nationalmuseumyangon.gov.mm/75-for-75-th](https://www.nationalmuseumyangon.gov.mm/75-for-75-th)မှာ ဇွန် ၁၉ ရက် နံနက် ၀၀:၀၁ နာရီမှ စတင်ကာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။