မြန်မာလူငယ်နည်းပညာစွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ တက်ရောက်လာသည့် ဆန်ခါတင် ၁၀ ဖွဲ့ ထွက်ပေါ်လာ

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၂၀ နောက်ဆုံးအဆင့် ပြိုင်ပွဲအတွက် ဆန်ခါတင်အဖွဲ့များရွေးချယ်ပွဲကို အောက်မြန်မာပြည်ကိုယ်စားပြုအဖွဲ့ငါးဖွဲ့အတွက် ဖေဖော်ဝါရီ ၄ ရက်က ရန်ကုန်မြို့ရှိ MICT Park မှာ လည်းကောင်း၊ အထက်မြန်မာပြည်ကိုယ်စားပြု အဖွဲ့ ၅ ဖွဲ့အတွက် ဖေဖော် ဝါရီ ၉ ရက်က မန္တလေးမြို့ RITZ GRAND HOTEL MANDALAY မှာလည်းကောင်း ရွေးချယ်ခဲ့ရာ နောက်ဆုံးအဆင့် ပြိုင်ပွဲအတွက် ဆန်ခါတင် အဖွဲ့ (၁၀) ဖွဲ့ထွက်ပေါ်လာပြီဖြစ်ပါတယ်။

နောက်ဆုံး ပြိုင်ပွဲအတွက် ဆန်ခါတင် အဖွဲ့ (၁၀) ဖွဲ့က

Knight

Mental heal ( အွန်လိုင်းပေါ်မှတစ်ဆင့် စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးမည့် အဖွဲ့

အွန်လိုင်းပေါ်မှတစ်ဆင့် စိတ်ကျန်းမာရေး ဝန်ဆောင်မှုပေးမည့်အဖွဲ့ ) အဖွဲ့

Charm

Charm (သုံးစွဲသူနှင့် Beauty Salon အကြား အလှအပရေးရာနှင့်ပတ်သက်သည့် လုပ်ဆောင်ချက်များကို ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြိုတင်ရက်ချိန်းရယူနိုင်ရန်ဝန်ဆောင်မှုပေးမည့် အဖွဲ့ )

Dhobi.co

Dhobi.co (အဝတ်လျှော်ဝန်ဆောင်မှုအတွက် အက်ပလီကေးရှင်းမှ ဝန်ဆောင်မှုပေးမည့် အဖွဲ့ )

Shal

Shal Sar ( အကောင်းဆုံးစားသောက်ဆိုင်များမှ Discount များ ရရှိနိုင်မည့် အက်ပလီကေးရှင်း ဝန်ဆောင်မှုပေးသည့် အဖွဲ့ )

Team AiO

Team AiO (All in One-Sports) ( ဘောလုံးအားကစားနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အက်ပလီကေးရှင်းမှတစ်ဆင့် တစ် နေရာတည်းတွင် ရရှိနိုင်အောင် ဝန်ဆောင်မှုပေးသည့် အဖွဲ့ )

Aung Myin Online Learning Platform

စီးပွားရေးစီမံခန့်ခွဲမှု နှင့်အခြားဆက်စပ်သင်ခန်းစာများကို အွန်လိုင်းနှင့် အက်ပလီကေးရှင်းမှတစ်ဆင့် သင်ကြားနိုင်မည့်အဖွဲ့၊

Archer Solution

Productive Chicken Farm (ကြက်ခြံလုပ်ငန်းများတွင် ကြုံတွေ့ရသည့် ပြဿနာများ၊ ဗဟုသုတများအား မျှဝေပေးမည့် ဝက်ဘ်ဆိုက်အဖွဲ့)

Ethereal အဖွဲ့

Laydio(ဆိုရှယ်မီဒီယာတွင်အချိန်များများအသုံးပြုသူများအတွက် ကောင်းကျိုးများ ရရှိစေရန် ဝန်ဆောင်မှုပေးမည့် personal development အက်ပလီကေးရှင်း အဖွဲ့ )

Luneration အဖွဲ့

Futsal Plus (ဖူဆယ်ဘောလုံးကွင်းများကိုကြိုတင်ငှားရမ်းနိုင်သော အက်ပလီ ကေးရှင်းအဖွဲ့)

Cherry အဖွဲ့

Health Farm (မြန်မာ့ရိုးရာ ဆေးပညာကို တိုးတက်စေရန်ရည်ရွယ်သည့် မိုဘိုင်းလ် အက်ပလီကေးရှင်းအဖွဲ့)

တို့ဖြစ်ပါတယ်။

အဆိုပါအဖွဲ့ ၁၀ ဖွဲ့ကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၇ ရက်အတွင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုစင်တာ ဖြစ်တဲ့ Kanaung Hub မှာ ၈ ရက်တာ အထူးသီးသန့်စခန်းသွင်းလေ့ကျင့်မှုပြုလုပ်မှာဖြစ်ပြီး နယ်ပယ်အသီးသီးတွင် အောင်မြင်မှုရရှိနေသူတွေက ပြိုင်ပွဲဝင်ဆန်ခါတင် အဖွဲ့ဝင်တွေရဲ့ စီးပွားရေးလုပ်ငန်းကျွမ်းကျင်မှု အတတ်ပညာများ၊ ကိုယ်ရည်ကိုယ်သွေးများ မြင့်မားလာစေဖို့အတွက် လမ်းညွှန်ပြသခြင်းများနှင့် လုပ်ငန်းတစ်ခု စတင်လည်ပတ်နိုင်ရန် လိုအပ်တဲ့ လမ်းညွှန်ချက်တွေ ကို အနီးကပ် သင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။ပြိုင်ပွဲနဲ့ပတ်သက်ပြီး MPT ရဲ့တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ www.facebook.com/mptofficialpage ၊ MCF ရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ www.facebook.com/mcf.myanmar.computer.federation/ နဲ့ မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်ရဲ့ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mmtechnopreneurship/ တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။