မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ပထမအကြိမ် နှစ်ပတ်လည် အထိမ်းအမှတ် ဟောပြောပွဲကျင်းပမည်

မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ပထမအကြိမ် နှစ်ပတ်လည် အထိမ်းအမှတ် ဟောပြောပွဲ (Webinar) ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက် (စနေနေ့)၊ မွန်းလွဲ ၃ နာရီမှာ Facebook Live https://fb.me/e/DpxnHf3r မှတစ်ဆင့် ထုတ်လွှင့် ကျင်းပသွားမယ်လို့ သိရပါတယ်။

အခမ်းအနားမှာ မြန်မာနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးဆိုင်ရာ လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခြင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက Digital Economy in Myanmar ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခြင်း အပြင် နှစ်ပတ်လည် အထိမ်းအမှတ် စကားဝိုင်း ကျင်းပခြင်းတို့ကို ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ စကားဝိုင်းဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးသူ အဖြစ် ဦးသောင်းစုငြိမ်းနှင့်အတူ ဦးအေးချမ်း၊ ဦးအောင်ကျော်မိုးတို့က ပါဝင်ဆွေးနွေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««