မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်းမှ အသင်းဝင်များဖိတ်ခေါ်

မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း (Myanmar Digital Media Association) ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်မှာ ဖွဲ့စည်းတော့မှာ ဖြစ်တဲ့အတွက် အသင်းဝင်တွေလျှောက်ထားနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

အသင်းအဝင်အဖြစ် ပါဝင်လျှောက်ထားဖို့ အတွက် ဒစ်ဂျစ်တယ်မီဒီယာလုပ်ငန်းတွေ ဖြစ်တဲ့ မီဒီယာ၊ ဖျော်ဖြေရေး၊ သတင်း အချက်အလက် လုပ်ငန်းများနှင့် ယင်းတို့၏ ကဏ္ဍခွဲများမှ လာသော ထုတ်ကုန်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၊ ကွဲပြားခြားနားသော ဒစ်ဂျစ်တယ် ကိရိယာများမှ တစ်ဆင့် သုံးကြသည့် ဒစ်ဂျစ်တယ် ပလက်ဖောင်း (ဥပမာ – ဝက်ဘ်ဆိုက်များနှင့် အက်ပလီကေးရှင်းများ)၊ ဒစ်ဂျစ်တယ် ပုံစံ ပြုလုပ်ထားသော အကြောင်းအရာများ (ဥပမာ – စာကြောင်းများ၊ အသံများ၊ ဗီဒီယိုများနှင့် ရုပ်ပုံများ) နှင့် ဝန်ဆောင်မှုများ (ဥပမာ – သတင်းအချက်အလက်များ၊ ဖျော်ဖြေရေးများနှင့် ဆက်သွယ်ရေး လုပ်ငန်းများ) စတဲ့ လုပ်ငန်း လုပ်ကိုင်နေသူတွေ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အသင်းဝင်ကြေး သတ်မှတ်ထားခြင်း မရှိသေးဘဲ အသင်းဖြစ်မြောက်လာပြီးမှသာ အလုပ်အမှုဆောင်အဖွဲ့သစ်က သတ်မှတ်မှာဖြစ်တယ်လို့ သိရပါတယ်။ အသင်းသားလျှောက်လွှာတွေကို https://www.myanmardigitalmedia.org/membership-information မှတစ်ဆင့် လျှောက်ထားနိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေးကော်မတီမှ သိရပါတယ်။

-သန္တာ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««