မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) မှ ထုတ်ပြန်သည့်စာ အဖြစ် ထင်ယောင်ထင်မှား ဖြစ်စေမည့် စာအတု တစ်စောင် အင်တာနက်ပေါ်တွင် ပျံ့နှံ့လျက်ရှိ

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက် နေ့စွဲဖြင့် “ပြင်းထန်စွာ ရှုတ်ချခြင်း” အကြောင်းအရာနဲ့ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) မှ ထုတ်ပြန်သည့် စာအဖြစ် ထင်ယောင်ထင်မှား ဖြစ်စေမယ့် စာအတု တစ်စောင် အင်တာနက်ပေါ်မှာ ပျံ့နှံ့လျက် ရှိပါတယ်။

ယခုကဲ့သို့ စာရွက်စာတမ်း အတုပြုလုပ်ခြင်းသည် ပြစ်မှုဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုတစ်ရပ် ဖြစ်ပြီး အသင်းဝင် လုပ်ငန်းရှင်များအားလုံးနှင့် ပြည်သူအများ အဖြစ်မှန်ကို သိသာနိုင်ရန် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ MCIA မှ ယခု မဟုတ်မမှန်တင်ထားသော post များကို ချက်ချင်း ဖြုတ်ချပေးကြပါရန် မေတ္တာရပ်ခံထားပြီး အသင်း၏ တရားဝင် ထုတ်ပြန်ချက် ကြေညာချက်များကို အတည်ပြု စစ်ဆေး သိရှိလိုပါက အသင်း၏ တရားဝင် website ဖြစ်တဲ့ www.mcia.org.mm မှာသာ ဖတ်ရှုကြပါရန် မေတ္တာရပ်ခံထားပါတယ်။

မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းသည် အစိုးရအဖွဲ့အစည်း မဟုတ်သော၊ အကျိုးအမြတ် မယူသော လူမှုအဖွဲ့အစည်း(NGO) ဖြစ်ပြီး နိုင်ငံကောင်းကျိုး၊ ပြည်သူကောင်းကျိုးနဲ့ industry ကောင်းကျိုးကို ဦးတည်ဆောင်ရွက်နေသော အသင်းဖြစ်သည့်အားလျော်စွာ ပါတီနိုင်ငံရေး မလုပ်သည့် အဖွဲ့အစည်းအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လျက် ရှိတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««