မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် နိုင်ငံတကာသရုပ်ပြတရားခွင်ပြိုင်ပွဲ ကျင်းပမည်

မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက် နိုင်ငံတကာသရုပ်ပြတရားခွင်ပြိုင်ပွဲ Jessup Moot Court Competition ကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်မှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ ပြိုင်ပွဲကို နိုင်ငံတကာ ဥပဒေကျောင်းသားကျောင်းသူများအသင်း (ILSA) ရဲ့ ဦးဆောင်မှုနဲ့ အမေရိကန်သံရုံးနဲ့ ပူးပေါင်းကာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အာရှဥပဒေကျောင်းသားကျောင်းသူများအသင်း (ALSA Myanmar) မှ ပညာရေးရာကိစ္စရပ်များ တာဝန်ခံနေရာမှာ တာဝန်ထမ်းဆောင်နေတဲ့ မရွှေရည်သန်းထိုက်ဝင်း မှလည်း “ယခု မြန်မာနိုင်ငံတွင်ကျင်းပမည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာသရုပ်ပြတရားခွင်ပြိုင်ပွဲ အတွက် မြန်မာနိုင်ငံရဲ့ National Administrator အဖြစ် တာဝန်ယူထမ်းဆောင်မည် ဖြစ်ကြောင်း၊ ယမန်နှစ်က ပြိုင်ပွဲဝင်အသင်း ၄ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင် ပြိုင်ပွဲဝင် အသင်း ၇ သင်း ဝင်ရောက်ယှဉ်ပြိုင်ရာ ယမန်နှစ်ထက် ပြိုင်ပွဲဝင်အသင်းအရေအတွက် ပိုမို တိုးပွားလာကြောင်း ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်သော ပြိုင်ပွဲဝင်အသင်းများအတွက် မြန်မာနိုင်ငံရှိ မြန်မာနိုင်ငံ အာရှဥပဒေကျောင်းသားကျောင်းသူများအသင်း (ALSA Myanmar) မှနေ၍ မြန်မာနိုင်ငံမှ ဥပဒေအသိပညာ အတတ်ပညာရှင်များသာမက နိုင်ငံတကာမှ အသိပညာ အတတ်ပညာရှင်များကိုပါ ခေါ်ယူကာ Training session များခေါ်ယူကာ လေ့ကျင့်ပေးလျက်ရှိပါကြောင်း” ပြောကြားခဲ့ပါတယ်။

-သန္တာ