မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ အတွက် Apple ဝန်ဆောင်မှုတွေ တရားဝင်ထောက်ပံ့

Apple ဟာ Apple Music ကို နိုင်ငံပေါင်း ၅၂ နိုင်ငံအတွက် တိုးချဲ့ပေးလိုက်ပါတယ်။ ဒါ့အပြင် App Store, Arcade, Podcasts နဲ့ iCloud တို့ကိုလည်း မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၀ အတွက် တရားဝင် ထောက်ပံ့ပေးလိုက်ပါတယ်။

Apple ကဝန်ဆောင်မှုတွေ စတင်အသုံးပြုနိုင်မယ့် နိုင်ငံနဲ့ ဒေသတွေကို ထုတ်ပြန်လိုက်ပါတယ်။

App Store, Apple Arcade, Apple Music, Apple Podcasts နဲ့ iCloud တိုးချဲ့လိုက်တဲ့ နိုင်ငံနဲ့ ဒေသ

  • အာဖရိက
  • ကင်မရွန်၊ အိုက်ဗရီကို့စ်၊ ကွန်ဂို၊ ဂါဘွန်၊ လစ်ဗျား၊ မော်ရိုကို၊ ရာဝမ်ဒါနဲရ့ ဇမ်ဘီးယား
  • အာရှ-ပစိဖိတ်
  • မော်လ်ဒိုက်နဲ့ မြန်မာ
  • ဥရောပ
  • ဘော့စနီးယား၊ ဂျော်ဂျီယာ၊ ကိုဆိုဗို၊ မွန်တီနီဂရိုးနဲ့ ဆားဘီးယား
  • အရှေ့အလယ်ပိုင်း
  • အာဖဂန်နစ္စတန် (Apple Music မထောက်ပံ့)နဲ့ အီရတ်
  • သမုဒ္ဒရာပိုင်းဇုန်
  • နော်ရှု (Apple Music မထောက်ပံ့)၊ တွန်ဂါ၊ ဗာနော်တူ

Apple Music ထောက်ပံ့လိုက်တဲ့ နိုင်ငံနဲ့ ဒေသများ

  • အာဖရိက- အယ်ဂျီးရီးယား၊ အန်ဂိုလာ၊ ဘီနင်၊ ချတ်၊ လိုက်ဘေးရီးယား၊ မာဒါဂါစကား၊ မော်လဝီ၊ မာလီ၊ မော်ရီတန်နီယာ၊ မိုဇမ်ဘီ၊ နိုင်ဘီရာ၊ ကွန်ဂို၊ ဆီနီဂေါ၊ ဆီရှယ်၊ ဆီရာလီယွန်၊ တန်ဇန်နီးယားနဲ့
    တူနီးရှား
  • အာရှ-ပစိဖိတ်- ဘူတန်
  • ဥရောပ
  • ခရိုအေးရှား၊ အိုက်စလန်နဲ့ မြောက်မက်ဆီဒိုနီးယား
  • အရှေ့အလယ်ပိုင်း
  • ကူဝိတ်၊ ကာတာနဲ့ ယီမင်
  • သမုဒ္ဒရာပိုင်းဇုံ
  • ဆော်လမွန်ကျွန်းစုများ

Apple Music ကိုစတင်အသုံးပြုမယ့် နိုင်ငံတွင်းက သုံးစွဲသူတွေက ၆ လအခမဲ့ အသုံးပြုနိုင်ပါမယ်။ ဒေသတွင်းနိုင်ငံတွေနဲ့ ကိုက်ညီမယ့် playlist တွေကိုလည်း တိုးချဲ့စုစည်းပေးမှာ ဖြစ်တဲ့အတွက် Africa Now, Afrobeats Hits နဲ့ Ghana Bounce တို့လို playlist တွေနားထောင်နိုင်မှာပါ။

စိုးထက်
Ref: ArsTechnica