မြန်မာနိုင်ငံရှိ MSMEလုပ်ငန်းရှင်များနှင့် အလုပ်လက်မဲ့ လူငယ်များ အတွက် သတင်းအချက် အလက်နှင့်နည်းပညာဆိုင်ရာကျွမ်းကျင်မှုသင်တန်း ပေးမည်

Go Digital ASEAN စီမံကိန်းမှ မြန်မာနိုင်ငံရှိMSMEလုပ်ငန်းရှင်တွေနဲ့ အလုပ်လက်မဲ့ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ပိုမိုရရှိလာစေဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ်တို့မှ MSME လုပ်ငန်းရှင် ၆၀၀၀ နဲ့ အလုပ်လက်မဲ့လူငယ်ဦး ရေ ၂၀၀၀ တို့ကို ဒစ်ဂျစ်တယ် စီးပွားရေးမြှင့်တင်ရန် အရေးပါသော သတင်းအချက်အလက်နှင့်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများဖွင့်လှစ်ပေးသွားမယ်လို့သိရပါတယ်။

“အစိုးရ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ NGO စတဲ့ကဏ္ဍများမှ ကျွမ်းကျင်မှုတွေနဲ့ ကိုင်တွယ်ဖြေရှင်းမှုနည်းလ​မ်းတွေ ပေါင်းစပေါင်းစပ်ပြီး ဒီဂျစ်တယ်ကွာဟမှုကို ကျော်လွှား နိုင်ဖို့ ပထမဆုံးသော ပူးပေါင်းမှုကို တက်ကြွစွာလုပ်ဆောင်ခွင့်ရတဲ့ အတွက် လွန်စွာအားရ ဝမ်းမြောက်မိ ပါတယ်။ အာရှဖောင်ဒေးရှင်းရဲ့ ဌာနေရုံးတွေက သင်တန်းဆရာတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ဦးဆောင်ပြီး ဒေသတွင်းရှိ ကျေးရွာတွေနဲ့ မြို့တွေမှာ MSME လုပ်ငန်းရှင်တွေနဲ့ အလုပ်အကိုင်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေကို ဒစ်ဂျစ်တယ်စီးပွားရေးထဲသို့ ပါဝင်လာအောင် ကူညီပေးမှာ ဖြစ်ပါတယ်” လို့ Go Digital ASEAN စီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမယ့် အစီအစဥ်နဲ့ ပတ်သက်ပြီး အာရှဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ David D. Arnold ကပြောပါတယ်။

အဆိုပါစီမံကိန်းကိုမြန်မာနိုင်ငံရှိအသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အငယ်စား စွန့်ဦးတီထွင်သူတွေရဲ့စီးပွားရေးလုပ်ငန်များ ၊ ဒစ်ဂျစ်တယ်စီးပွားရေး နည်းကိရိယာများဖြင့် ဖွံ့ဖြိုးလာဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ပိုမိုရရှိလာစေဖို့ အတွက် ရည်ရွယ်ကာရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ် မှ MSME လုပ်ငန်းရှင်ဦးရေ ၆၀၀၀ နဲ့ အလုပ်လက်မဲ့လူငယ်ဦးရေ ၂၀၀၀ တို့ကို ဒစ်ဂျစ်တယ် စီးပွားရေးမြှင့်တင်ရန် အရေးပါသော သတင်းအချက်အလက်နှင့်နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများဖွင့်လှစ်ပေးသွားမှာ ဖြစ်ကြောင်း အာရှဖောင်ဒေးရှင်း၏ Special Projects Unit Manager ဒေါ်မီကီကျော်မြင့်မှ ပြောကြားခဲ့ပါတယ်။

စီမံကိန်းနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ဖုန်း – ၀၉၂၅၈၀၆၄၁၈၁ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ