မြန်မာနိုင်ငံရှိ အစိုးရတက္ကသိုလ်များတွင် တက်ရောက်နိုင်သော ဒီပလိုမာသင်တန်းများ၊ မဟာဘွဲ့သင်တန်းများနှင့် Certificate သင်တန်းများအကြောင်း

မြန်မာနိုင်ငံရှိ အစိုးရတက္ကသိုလ်များတွင် တက်ရောက်နိုင်သော ဒီပလိုမာသင်တန်းများ၊ မဟာဘွဲ့သင်တန်းများနှင့် Certificate သင်တန်းတွေအကြောင်း လက်လှမ်းမီသလောက် စုစည်းတင်ပြလိုက်ပါတယ်။

အင်္ဂလိပ်စာ ဒီပလိုမာသင်တန်းများ

Global English Course ကတော့ အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာနနဲ့ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတို့ ပူးပေါင်းဖွင့်လှစ်တဲ့ သင်တန်းဖြစ်ပါတယ်။ Level ၅ ခု တက်ရောက်ရမှာဖြစ်ပြီး ၅ ခုလုံး အောင်မြင်မှသာ ဒီပလိုမာလက်မှတ်ရရှိမှာ ဖြစ်ပါတယ်။ တစ်နှစ်ကိုသုံးကြိမ် လျှောက်လွှာခေါ်ယူလေ့ရှိပြီး အွန်လိုင်းကနေပဲ လျှောက်ထားရမှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေဟာ မြန်မာနိုင်ငံပညာရေး ၀န်ကြီးဌာနက အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားရမှာဖြစ်ပါတယ်။

Seameo Chat သင်တန်း

အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ ဒေသဆိုင်ရာ သမိုင်းနှင့် ရိုးရာဓလေ့ဌာနကနေ CHAT Communication in English Language Course ကို ဖွင့်လှစ်တာဖြစ်ပါတယ်။ သင်တန်း တက်ရောက်လိုသူတွေဟာ အနိမ့်ဆုံး အခြေခံပညာ အထက်တန်းအောင်မြင်ပြီး CHAT Communication in English Course ၀င်ခွင့်စာမေးပွဲကို ဖြေဆိုရမှာဖြစ်ပါတယ်။ ၀င်ခွင့်လျှောက်လွှာကိုတော့ သတ်မှတ်ထားတဲ့ရက်မှာ SEAMEO CHAT facebook ကနေတစ်ဆင့် ဒေါင်းလုပ်ရယူလျှောက်ထားရမှာ ဖြစ်ပါတယ်။

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဘာသာစကား သင်တန်းများ

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် အခြေခံ ၁ (BasicI) တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန်၊ ထိုင်းနဲ့ မြန်မာဘာသာ သင်တန်းတွေကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါတယ်။ တက်ရောက်လို သူတွေဟာ သတ်မှတ်ထားတဲ့ရက်မှာ www.yufl.edu.mm/chrd သို့ ၀င်ရောက်ကာ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှ ဘွဲ့လွန်ဒီပလိုမာ သင်တန်းနှင့် Certificate သင်တန်းများ

Diploma in China Studies ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၊ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်မှ တရုတ်ဘာသာ အထူးပြုဖြင့် ဘွဲ့နှင့် ဒီပလိုမာ အောင်လက်မှတ် ရရှိထားသူတွေ (သို့) နိုင်ငံတော်အစိုးရက အသိအမှတ်ပြုထားသော တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိထားသူ ၂ နှစ် အတွင်း ဖြေဆိုထားသော တရုတ်ဘာသာ အရည်အချင်းစစ်စာမေး ပွဲ HSK Level 3 နှင့် အထက် အောင်
မြင်ထားသူတွေ လျှောက်ထားနိုင်ပါတယ်။ သင်တန်းချိန်က တနင်္လာမှ သောကြာ (နံနက် ရ နာရီမှ ၉ နာရီထိ) ဖြစ်ပါတယ်။

Diploma in International Relations

နိုင်ငံတော်အစိုးရက အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူတွေလျှောက်ထား နိုင်ပါတယ်။

Certificate in Interpretation Course (English)

နိုင်ငံတော်အစိုးရက အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူတွေ လျှောက်ထား နိုင်ပါတယ်။

Certificate in French Translation and Interpretation

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်မှ ပေးအပ်သော ပြင်သစ်ဘာသာဘွဲ့လွန် ဒီပလိုမာဒုတိယနှစ် အောင်မြင်ပြီးသူတွေ၊ ဝိဇ္ဇာဘွဲ့ကြို ဒုတိယနှစ် အောင်မြင်ပြီးသူတွေ၊ CHRD သင်တန်းတွေမှ ပြင်သစ်ဘာသာ Intermediate Level I အောင်မြင်ပြီးသူတွေ ပြင်သစ်ဘာသာကို DELF A2 အဆင့်အောင်မြင်ပြီး B1 အဆင့်ရရှိထားသူတွေ လျှောက်ထားနိုင်ပါတယ်။

Master of Arts (TEFL)

ရန်ကုန်ပညာရေးတက္ကသိုလ် မှ Master of Arts (Teaching English as a Foreign Language) MA (TEFL) အင်္ဂလိပ်စာကို နိုင်ငံခြားဘာသာအဖြစ် သင်ကြားခြင်းသင်တန်းကို ဖွင့်လှစ်တာဖြစ်ပါတယ်။ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ပထမဘွဲ့ကို အင်္ဂလိပ်စာအဓိက ဖြင့်ရရှိခဲ့ပြီး မဟာတန်း တက်ရောက် အဆင့်မီသူ (သို့မဟုတ်) ရန်ကုန်ပညာရေးတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဖွင့်လှစ်တဲ့ ဘွဲ့လွန်ဒီပလိုမာသင်တန်း Diploma in ELTM ရရှိထားသူတွေ တက်ရောက်နိုင်ပါတယ်။

Diploma in ELTM

ရန်ကုန်ပညာရေးတက္ကသိုလ်မှ Diploma in English Language Teaching Methodology (Dip in ELTM) အင်္ဂလိပ်စာသင်ကြားရေး နည်းပညာဒီပလိုမာသင်တန်းကို ဖွင့်လှစ်တာဖြစ်ပါတယ်။ အသိ
အမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ပထမဘွဲ့ကို အင်္ဂလိပ်စာ အဓိကဖြင့်ရရှိထားသူ (သို့မဟုတ်) ရန်ကုန် ပညာရေးတက္ကသိုလ်မှ ဘီးအီးဒီဘွဲ့ကို ELT အထူးပြုဘာသာရပ် ဖြင့် ရရှိထားသူတွေတက်ရောက်
နိုင်ပါတယ်။ ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲတွေကိုပါ ဖြေဆိုရမှာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်မှ ဖွင့်လှစ်သော ဒီပလိုမာတန်းများ

အင်္ဂလိပ်စာသင်ကြားရေး ဒီပလိုမာသင်တန်း၊ အသုံးချစိတ်ပညာ ဒီပလိုမာသင်တန်း၊ အသုံးချရူပဗေဒ ဒီပလိုမာသင်တန်း၊ ရှေးဟောင်းသုတေသနပညာ ဒီပလိုမာသင်တန်း၊ ကုန်ထုတ်ဓာတုဗေဒ ဒီပလိုမာသင်တန်း၊ စာကြည့်တိုက်နှင့် သုတပညာဒီပလိုမာသင်တန်း၊ မနုသဗေဒဒီပလိုမာ သင်တန်း၊ လူမှုရေးပညာ ဘွဲ့လွန်ဒီပလိုမာ သင်တန်းအစရှိတဲ့ သင်တန်းတွေကိုတော့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရ
ရှိပြီး သူတွေလျှောက်ထားနိုင်ပါတယ်။

မြန်မာနိုင်ငံသမိုင်းနှင့် ယဉ်ကျေးမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း

တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေအနေနဲ့ လျှောက်ထားနိုင်ပါတယ်။

ကျောက်မျက်ခွဲခြား ဒီပလိုမာသင်တန်း

– သင်တန်းကာလ ၉ လ+ 10 days Field Trip and Project Paper

အသုံးချဒဿနပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း

တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေအနေနဲ့ လျှောက်ထား နိုင်ပါတယ်။

စာပေဖန်းတီးရေးသားမှုနှင့် တည်းဖြတ်မှု အတတ်ပညာဘွဲ့လွန်ဒီပလိုမာ

သင်တန်းတွင် ပို့ချပေးမယ့် ဘာသာရပ်တွေက စာပေအမျိုးအစား၊ စာပေသဘောတရား၊ စာပေဖန်တီးရေးသားခြင်း၊ ရသပညာ၊ စာပေတည်းဖြတ်ခြင်း၊ ဘာသာပြန်၊ စာပေပုံနှိပ်ထုတ် ဝေခြင်းလုပ်ငန်းအခြေခံ စတာတွေဖြစ်ပါတယ်။ သင်တန်းကို အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိထားသူများ လျှောက်ထားနိုင််ပါတယ်။

Environmental Studies ဘွဲ့လွန်ဒီပလိုမာသင်တန်း

သင်တန်းချိန်ကတော့ တနင်္လာမှသောကြာ၊ နံနက် ရ နာရီ မှ ၉ နာရီအထိ ဖြစ်ပါတယ်။ တက္က သိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ မည်သူမဆို လျှောက်ထားနိုင်ပြီး ၀င်ခွင့်ရေးဖြေစာမေးပွဲနဲ့ လူတွေ့စစ်ဆေးခြင်းတွေကို ဖြေဆိုရမှာ ဖြစ်ပါတယ်။

ဘွဲ့လွန်အသုံးချ ကွန်ပျူတာ ဒီပလိုမာသင်တန်း

တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသူများ လျှောက်ထားနိုင်ပါတယ်။

နိုင်ငံရေး သိပ္ပံဒီပလိုမာ သင်တန်း (Diploma in Political Science)

နိုင်ငံတကာ ဆက်ဆံရေး ပညာဌာနမှ ကြီးမှူးပြီး ဖွင့်လှစ်တာဖြစ်ပါတယ်။ သင်တန်းကာလ ၉ လဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပါတယ်။

GIS ဘွဲ့လွန်ဒီပလိုမာ သင်တန်း

Post Graduate Diploma in Geographic Information Systems ရန်ကုန်တက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာနအစီအစဉ်နဲ့ ပထမဝီဝင်ဌာနက ကြီးမှူး ဖွင့်လှစ်တာ ဖြစ်ပါတယ်။

ဘွဲ့လွန်အသုံးချ ဘူမိဗေဒဒီပလိုမာ (Diploma in Applied Geology)

ရန်ကုန်တက္ကသိုလ်၊ ဘွဲ့လွန်အသုံးချ ဘူမိဗေဒဌာနက ဖွင့်လှစ်တဲ့ ဘွဲ့လွန်အသုံးချ ဘူမိဗေဒဒီပလိုမာ (Diploma in Applied Geology) ကတော့ တစ်နှစ်သင်တန်း ဖြစ်ပါတယ်။ အထူးပြုဘာ
သာရပ်တွေအနေနဲ့ Economic & Mining Geology, Exploration Geochemistry, Exploration Geophysics, Gemmology, Hydrogeology, Engineering Geology, Petroleum Geology
တွေနဲ့ ဖွင့်လှစ်တာဖြစ်ပါတယ်။ ဘူမိဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိပြီး မဟာသိပ္ပံ အရည်အချင်းစစ် သင်တန်းတွေကို တက်ရောက်ရန် အဆင့်မီသူတွေ တက်ရောက်နိုင်ပါတယ်။

နိုင်ငံတကာ ဆက်ဆံရေးပညာ ဒီပလိုမာသင်တန်း

နိုင်ငံတကာ ဆက်ဆံရေးပညာ ဒီပလိုမာသင်တန်း (Diploma in International Relations) ကို ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာနက ဖွင့်လှစ်တာဖြစ်ပါတယ်။ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက် ရောက်လျှောက်ထားနိုင်ပါတယ်။

ဥပဒေဒီပလိုမာ သင်တန်းများ

ရန်ကုန်တက္ကသိုလ်မှ ဖွင့်လှစ်တဲ့ ဥပဒေဒီပလိုမာ သင်တန်းတွေကတော့ စီးပွားရေးလုပ်ငန်း ဥပဒေဒီပလိုမာသင်တန်း၊ ပင်လယ်ရေ ကြောင်း ဥပဒေဒီပလိုမာ သင်တန်း၊ အပြည်ပြည်ဆိုင်ရာဥပဒေ ဒီပလိုမာသင်တန်း၊ Diploma in Intellecutual Property Law (DIPI Course No.4 တို့ပဲဖြစ်ပါတယ်။ သင်တန်းတွေကို အွန်လိုင်းကနေ လျှောက်ထား ရမှာဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိ
ပြီးသူတွေ တက်ရောက် လျှောက်ထားနိုင်ပါတယ်။

ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ မဟာဘွဲ့တန်းများ

ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု မဟာဘွဲ့ (MBA)၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ (MPA)၊ ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS), Master of Applied Statistics တွေ
ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ အဆိုပါ မဟာဘွဲ့သင်တန်းများအတွက် အသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုမှဘွဲ့ရရှိပြီးသူများ လျှောက်ထား တက်ရောက်နိုင်ပြီး ၀င်ခွင့်စာမေးပွဲတွေကို ရေးဖြေရောနှုတ်ဖြေရော ဖြေဆိုရမှာဖြစ်ပါတယ်။ GMAT စာမေးပွဲကိုလည်း ဖြေဆိုရမှာဖြစ်တဲ့အတွက် လေ့လာထားသင့်ပါတယ်။ သင်တန်းတွေကိုတော့ ရန်ကုန်စီးပွားရေး တက္ကသိုလ် (ကမာရွတ်နယ်
မြေ)မှာ တက်ရောက်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် ဖွင့်လှစ်သော ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ ကတော့ ပညာသင်ကာလ ၂ နှစ်  (Semester ၆ ခု၊ ၁ ခု ၃ လ၊ Thesis ၆ လ) ဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး သူတွေ တက်ရောက်နိုင်ပါတယ်။

ညနေပိုင်းမဟာဘွဲ့သင်တန်း

စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု မဟာဘွဲ့ (EMBA)၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုမဟာဘွဲ့ (EMPA)၊ ဖွံ့ဖြိုးရေး ပညာမဟာ ဘွဲ့ (EMDevS) သင်တန်းတွေ ကတော့ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ၊ Executive Level တွင် လုပ်သက် ၈ နှစ် ရှိသူ၊ အသက် ၃၀ ပြည့်ပြီးသူတွေ လျှောက်ထား တက်ရောက်နိုင်ပါတယ်။

ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ဒီပလိုမာသင်တန်းများ

Certificate in Business Studies (CBS) (၃ လသင်တန်း၊ Certificate in Advanced Business Studies (CABS) (၃ လ သင်တန်း)၊ Diploma in Secretarial Management (DSM) ( ၆ လသင်တန်း)၊ Diploma in Business Studies (DBS) ( ၉ လသင်တန်း)၊ Diploma in Financial Accounting (DFAc) (၉ လ သင်တန်း)၊ Diploma in Development Studies (Dip DS) (၉ လသင်တန်း) တို့ ဖြစ်ပါတယ်။ CBS, DSM တန်းအတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်သူတွေ တက်ရောက်နိုင်ပါတယ်။ CBS သင်တန်းအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ (သို့) CBS သင်တန်းအောင်မြင် ပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ Dip Ds သင်တန်းအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ DBS, DMAc, DFAc သင်တန်းတွေအတွက် စီးပွားရေး ပညာဘွဲ့/ဒီပလိုမာရရှိသူ (သို့) CABS/CAA အောင်မြင်ပြီးသူ (သို့)တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိထားပြီးဘဏ္ဍာရေးနှင့် စာရင်းကိုင်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းတွေမှာ တာဝန်ယူလုပ်ကိုင်နေသူတွေ တက်ရောက်နိုင်ပါတယ်။

ဘွဲ့လွန်သုတေသနဒီပလိုမာဘွဲ့

ဘွဲ့လွန် သုတေသန ဒီပလိုမာ ဘွဲ့သင်တန်းကို စာရင်းအင်းပညာဌာန၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ဖွင့်လှစ်တာ ဖြစ်ပါတယ်။ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။

Diploma in Marketing

ရန်ကုန်စီးပွားရေး တက္ကသိုလ် မှ Diploma in Marketing (DIM) ကို ဖွင့်လှစ်တာဖြစ်ပြီး အသိအမှတ်ပြု တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ DIM သင်တန်းအတွက် စီးပွားရေးလုပ်ငန်း အတွေ့အကြုံရှိသူ Marketing အတွေ့အကြုံရှိ သူတွေကို ဦးစားပေး ရွေးချယ်မှာဖြစ် ပါတယ်။

Diplom in Banking (DB Course)

Diplom in Banking (DB Course) ကို မြန်မာနိုင်ငံဘဏ်များအသင်းက ကြီးမှူးပြီး မြန်မာနိုင်ငံ ဘဏ်သင်တန်းကျောင်းနဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့  ပူးပေါင်းဖွင့်လှစ်တာဖြစ်ပါတယ်။ သင်တန်းကတော့ အချိန်ပြည့် တစ်နှစ်သင်တန်းဖြစ်ပါတယ်။ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး အသက် ၂၀ နှင့် နဲ့ ၅၀ နှစ်ကြားရှိသူတွေ တက်ရောက်နိုင်ပါတယ်။

ရန်ကုန်စီးပွားရေးတက္ကသိုလ် နှင့် Myanmar – India Entrepr-eneurship Development Center ရက်တို Certificate သင်တန်းများ

Digital Branding and Marketing, Human Resource Management Course for Entrepreneurs, Leadership and Management Skills for Entrepreneurs, Project Managment

ခရီးသွားလုပ်ငန်းပညာနှင့် စီခံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာသင်တန်း

ခရီးသွားလုပ်ငန်းပညာနှင့် စီခံခန့်ခွဲမှုဆိုင်ရာဒီပလိုမာသင်တန်း (Diploma in Tourism Studies and Management) ကို အမျိုးသား စီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ဖွင့်လှစ်တာဖြစ်ပါတယ်။ သင်
တန်းကာလမှာ ၉ လဖြစ်ပြီးတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူမည်သူမဆို တက်ရောက်နိုင်ပါ တယ်။ တက်ရောက်လိုသူတွေ ဟာ အရည်အချင်းစစ် စာမေးပွဲအဖြစ် Tourism ဆိုင်ရာ ဗဟုသုတနဲ့ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုရမှာဖြစ်ပါတယ်။

Certificate သင်တန်းများ

Certificate in Business Management (CBM), Certi-ficate in Mass Communication (CMC), Certificate in Tourism Management (CTM), Cert-ificate in Business English Level I/ Level II တို့ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေ တက်ရောက်နိုင်ပါတယ်။

အနုပညာ ကွန်ပျူတာဒီပလိုမာသင်တန်း

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)နဲ့၂ MCC Group တို့ ပူးပေါင်း ဖွင့်လှစ်တဲ့ အနုပညာ ကွန်ပျူတာဒီပလိုမာသင်တန်း (ဇာတ်ကောင် လှုပ်ရှားမှုနှင့် အဆင့်မြင့်မီဒီယာ ကျွမ်းကျင် အထူးပြုဘာသာရပ်) ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ပြီးသူတွေ၊ ကိုးတန်းအောင်မြင်ပြီးသူတွေ တက်ရောက်နိုင်ပါတယ်။

Logistics ဘွဲ့လွန်ဒီပလိုမာ သင်တန်း

Logistics ဘွဲ့လွန် ဒီပလိုမာ ကို မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်(Myanmar Maritime University) မှ ဖွင့်လှစ် သင်ကြားတာဖြစ်ပါတယ်။ သင်တန်းကာလမှာ တစ်နှစ်ဖြစ်ပြီး သင်တန်း တက်ရောက်လိုသူတွေအနေနဲ့ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူတွေ တက်ရောက်နိုင်ပါတယ်။ သင်တန်းအောင်မြင် ပြီးဆုံးပါက Diploma in Transport and Logistics Management (Dip.TLM) ဘွဲ့ရရှိမှာ ဖြစ်ပါတယ်။ လူတွေ့ ဖြေဆိုခြင်းကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။

သတင်းအချက်အလက် နည်းပညာဘွဲ့ကြို ဒီပလိုမာဘွဲ့ (Dip.IT)

သတင်းအချက်အလက်နည်း ပညာတက္ကသိုလ်ရဲ့ သတင်းအချက်အလက် နည်းပညာ ဘွဲ့ကြိုဒီပလိုမာဘွဲ့ Dip.IT သင်တန်းကို အခြေခံပညာ အထက်တန်းအောင်မြင်ပြီး လျှောက်လွှာပိတ်
ရက်မှာ အသက် ၂၁ နှစ် ထက်မကျော်လွန်သူတွေ လျှောက်ထားနိုင်ပါတယ်။ သင်တန်းမှာ အချိန်ပိုင်းသင်တန်းဖြစ်ပြီး Module ၁၀ ခုသင်ကြားရမှာပါ။ Module တစ်ခုကို စာသင်ပတ် ၁၀ ပတ်
ဖြစ်ပြီးဝင်ခွင့်စာမေးပွဲကို ဖြေဆိုရမှာပါ။ အင်္ဂလိပ်စာနဲ့ ပင်ကိုယ် စွမ်းရည်စစ်ဆေးခြင်း (Aptitude Test) ကို စစ်ဆေးမှာဖြစ်ပါတယ်။

Post Graduate Diploma in Business

ရန်ကုန်အဝေးသင် တက္က သိုလ်၊ စီးပွားရေးပညာဌာနမှဦးစီး ကာ Post Graduate Diploma in Business ကို ဖွင့်လှစ်တာဖြစ်ပါတယ်။ အဆိုပါသင်တန်းကို တက်ရောက်လိုသူတွေအနေနဲ့ www.udeeco.edu.mm မှ တစ်ဆင့် လျှောက်ထားရတာ ဖြစ်ပါတယ်။ အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ မည်သူမဆို လျှောက်ထားနိုင်ပါတယ်။ တက်ရောက်ခွင့်ရ ရှိသူတွေကို အီးမေးလ်ဖြင့် အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။

-သန္တာ