မြန်မာနိုင်ငံရှိ ဂိမ်းကစားသူများအတွက် လိုက်လျောညီထွေဖြစ်စေရန် စီမံထားသည့် Battle royale ဂိမ်းအမျိုးအစား Free Fire ကို မိတ်ဆက်

မြန်မာ့ Esports အားကစားကို အထောက်အပံ့ပေးနိုင်ဖို့ တယ်လီနောမြန်မာအ​နေနဲ့ Garena အပြင် ၎င်းရဲ့ နာမည်ကျော် မိုဘိုင်းဂိမ်း Free Fire နှင့် လက်တွဲပူးပေါင်းသွားမယ်လို့ သိရပါတယ်။

အဆိုပါ ပူးပေါင်းမှုက မြန်မာနိုင်ငံတွင်း ဂိမ်းကစားသူများအတွက် လိုက်လျောညီထွေဖြစ်စေဖို့ စီမံထားတဲ့ မိုဘိုင်း battle royale အမျိုးအစား ကစားမှုအတွေ့အကြုံကို ပေးစွမ်းသွားမှာဖြစ်တယ်သိရပါတယ်။တယ်လီနောမြန်မာ အနေနဲ့ Free Fire နဲ့ အနီးကပ်လက်တွဲပြီး မြန်မာကစားသမားတွေအတွက် ပြိုင်ပွဲတွေနဲ့ အခြားသော စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေကို ယူဆောင်လာပါမယ်” လို့ တယ်လီနောရဲ့ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Amaresh Kumar က ပြောပါတယ်။

Garena မှ ရေးဆွဲမိတ်ဆက်ထားတဲ့ Free Fire ဂိမ်းဟာ ၂၀၁၉ ခုနှစ်တွင်း ကမ္ဘာတစ်ဝှမ်း ဒေါင်းလုဒ်ရယူအသုံးပြုမှု အများဆုံး မိုဘိုင်းဂိမ်း ဖြစ်ပါတယ်။ Battle royale ဂိမ်းအမျိုးအစားဖြစ်တဲ့ Free Fire ကို ကစားသူတွေအနေနဲ့ မိုဘိုင်းဖုန်း မော်ဒယ်အားလုံးနီးပါး ပေါ်မှာ နှစ်ခြိုက်စွာ ဆော့ကစားနိုင်စေဖို့ ရည်ရွယ်ဖန်တီးထုတ်လုပ်ထားပြီး ဖုန်းရဲ့ စွမ်းဆောင်အားနဲ့ ဒေတာစားသက်သာ​စေမယ့်အပြင် မိုဘိုင်းဖုန်းတွင် နေရာယူမှုနည်းပါးတဲ့ မိုဘိုင်း battle royale ဂိမ်းကစားမှု အတွေ့အကြုံကောင်းတွေကို ရရှိမှာဖြစ်ပါတယ်။ Free Fire ကစားသူတွေ အနေနဲ့ မိမိစိတ်ကြိုက်ရွေးချယ်မှု အပေါ် မူတည်ကာ ဂိမ်းတွင်း အသစ်သစ်သော တီထွင်ဆန်းသစ်ထားမှုများကို အမြဲရယူ အသုံးပြုနိုင်မယ်လို့လည်း သိရပါတယ်။

-ရဲထွဋ်ဝင်း