မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် Facebook ဘာ​တွေပြင်ဆင်ထားသလဲ

Facebook ရဲ့ အရှေ့တောင် အာရှဆိုင်ရာ အများပြည်သူဆိုင်ရာ မူဝါဒချမှတ်​ရေးအဖွဲ့ ဒါရိုက် တာ (Public Policy Director) ဖြစ်သူ Dr Rafael Frankel က လက်ရှိမြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၂၀၂၀ ​ရွေး​ကောက်ပွဲကို ​ထောက်ပံ့ကူညီပံ့ပိုး​ပေးဖို့အတွက် Facebook အ​နေနဲ့ ဘယ်လိုမျိုး လုပ်​ဆောင်လျက်ရှိတယ်ဆိုတဲ့ ​ဆောင်းပါးကို ​ရေးသားဖြန့်​ဝေထားပါတယ်။

အဲဒီ​ဆောင်းပါးမှာ မဲဆန္နရှင်တွေအနေနဲ့ လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်နဲ့အတူ သူတို့စောင့်ကြည့်လေ့လာရမယ့် နိုင်ငံရေးသမားတွေ Facebook ပလက်​ဖောင်း​ပေါ်မှာ ဘာတွေပြောနေတယ်ဆိုတာ သိခွင့်ရှိ​အောင်၊ ရွေးကောက်ပွဲ မဲဆွယ်တဲ့ကာလရောက်ရင် ပလက်ဖောင်းပေါ်မှာ သတင်းအမှားတွေကို လျှော့ချနိုင်​အောင် လုပ်ဆောင်ထားမှု၊ အခြားအဖွဲ့အစည်း​တွေနဲ့ ပူး​ပေါင်းဆောင်ရွက်မှုနဲ့ ပြင်ဆင်ထားမှု​တွေကို ​ရေးသားထားတာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် Facebook ပြင်ဆင်ထားမှု​တွေကို Facebook သုံးစွဲသူ​တွေအနေနဲ့ သိရှိနိုင်​အောင် ​ဖော်ပြပေးလိုက်ပါတယ်။

အခု ပြောပြမယ့် ကတိကဝတ် တွေအားလုံးဟာ စိန်ခေါ်မှုအပြည့်နဲ့ ရွေးကောက်ပွဲတစ်ခုအတွင်းမှာ ရုပ်လုံးပေါ်လာဖို့ပါ။ ဒါ့ကြောင့်ပဲကျွန်တော်တို့ Facebook အနေနဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲကို ကျွန်တော်တို့ ပလက်ဖောင်းပေါ်မှာ သမာသမတ်ရှိရှိ ကျင်းပနိုင်အောင် ကာကွယ်ဖို့တစ်ထောင့် တစ်နေရာကနေ ကူညီပေးမယ်ဆိုတဲ့ အပိုင်းကို ကြိုးစားလုပ်ကိုင်နေတာပါပဲ။

ပြီးခဲ့တဲ့ လေးနှစ်အတွင်း ကမ္ဘာအနှံ့က နိုင်ငံရေးစနစ် အမျိုးမျိုးတွေကြားမှာ ရွေးကောက်ပွဲပေါင်းရာနဲ့ချီပြီး သမာသမတ်ကျကျ ကျင်းပနိုင်အောင် ကာကွယ်ပေးဖို့ ကြိုးစားရင်း Facebook အနေနဲ့ အရေးပါတဲ့ အပြောင်းအလဲတချို့ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ မျက်မှောက်ကာလမှာတော့ ဘေးကင်းလုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ တာဝန်ယူဆောင်ရွက်နေတဲ့ လူပေါင်း (၃၅,၀၀၀) ကျော် ရှိထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်နေပါပြီ။ ဒီလူ (၃၅,၀၀၀) ကျော်ထဲမှာ (၁၅,၀၀၀) ကျော်က အကြောင်းအရာ စစ်ဆေးဖို့အတွက် သီးသန့်လုပ်ကိုင်နေတဲ့ သူတွေဖြစ်ပြီး မြန်မာစကားကို မိခင်ဘာသာအနေနဲ့ အဓိကပြောတဲ့သူတွေလည်း ပါပါတယ်။

ဒါတင်မကသေးပါဘူး။ မြန်မာနိုင်ငံသား ဝန်ထမ်းတွေပါတဲ့ မြန်မာနိုင်ငံအတွက် သီးသန့်တာဝန်ပေးထားတဲ့ အဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပါသေးတယ်။ ဒီအဖွဲ့က လက်ရှိ ပြည်တွင်းမှာ ဘယ်လို ပြဿနာတွေ ဖြစ်နေလဲဆိုတာနဲ့ ဖြစ်နေတဲ့ ပြဿနာတွေကို သေသေချာချာ နားလည်သဘောပေါက်အောင် ကြိုးစားဖို့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ အပါအဝင် ကျွန်တော်တို့ရဲ့ ပြည်တွင်းမိတ်ဖက် အဖွဲ့အစည်းတွေနဲ့ အချိန်အများကြီးပေးပြီး ပုံမှန် တွေ့ဆုံဆွေးနွေးနေတာပါ။

Facebook ကတော့ ၂၀၁၇ ခုနှစ်ကစလို့ ရွေးကောက်ပွဲပေါင်း (၂၀၀) ကျော်မှာ ကြားဝင်နှောင့်ယှက်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ကူညီပေးခဲ့ပြီး ပလက်ဖောင်းပေါ်မှာ သတင်းအမှားတွေ လျှော့ချပေးနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း အကောင့်တုကွန်ရက်ခြောက်ခုလောက်ကို ဖယ်ရှားပေးခဲ့ပါတယ်။ ဒီကွန်ရက်တွေက မြန်မာနိုင်ငံမှာ အများပြည်သူနဲ့ဆိုင်တဲ့ ထုတ်ပြန်ပြောကြားချက်တွေကို ထင်ယောင်ထင်မှား ဖြစ်စရာသ တင်းအမှားတွေ၊ တမင်ရည်ရွယ် ပြင်ဆင်ထားတဲ့ အချက်အလက် အမှားတွေထည့်ပြီး လိမ်ညာလှည့်စားဖို့ ကြိုးစားနေတဲ့ ကွန်ရက်တွေပဲ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာတစ်ဝန်းမှာ ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ လုပ ငန်းစဉ်တွေဖြစ်တဲ့ အွန်လိုင်းပေါ်မှာ လူတွေမြင်တွေ့နေရတဲ့ သတင်းတွေရဲ့ အရည်အသွေးပို ကောင်းလာအောင်၊ သတင်းအမှား ပျံ့နှံ့မှုတွေ လျှော့ချနိုင်အောင် Poynter Institute ရဲ့ ဘက်လိုက်မှုကင်းတဲ့ နိုင်ငံတကာအချက်အလက်စစ်ဆေးရေးကွန်ရက် (IFCN) ကနေ ထောက်ခံချက်ရထားပြီးသား အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။ အခုဆိုရင် Facebook ပေါ်မှာ မြန်မာဘာသာနဲ့ ရေးသားတင်ပြထားတဲ့ သတင်းတွေကို လေ့လာဆန်းစစ်ပြီး ဘယ်လောက်တိ ကျမှန်ကန်လဲဆိုတာအဆင့်သတ် မှတ်ပေးနိုင်ဖို့ Facebook ကနေ မြန်မာနိုင်ငံမှာ မိတ်ဖက်အဖွဲ့ အစည်း (၃) ခုနဲ့ လက်တွဲ ဆောင်ရွက်နေပါတယ်။

ပြီးတော့ အမုန်းစကားလိုမျိုး ပလက်ဖောင်းပေါ်မှာလူတွေ မမြင်ချင်တဲ့ အကြောင်းအရာတွေကို တစ်ယောက်ယောက်ကတွေ့ပြီး မတိုင်ကြားခင်ကတည်းက ကြိုတင်စစ်ဆေးဖော်ထုတ်နိုင်တဲ့ နည်းပညာကို အသုံးချတဲ့နေရာမှာ တဖြည်းဖြည်းပိုပြီး ထိရောက်လာတာ တွေ့ရပါတယ်။ ၂၀၂၀ ခုနှစ်ရဲ့ ပထမ သုံးလပတ်အတွင်း မြန်မာနိုင်ငံမှာ အမုန်းစကားနဲ့ပတ်သက်ပြီး Facebook ရဲ့ လူမှုစံနှုန်းကို ဖောက်ဖျက်တဲ့ အကြောင်းအရာပေါင်း (၅၁,၀၀၀ ) နီးပါးကို အရေးယူခဲ့ပါတယ်။ ကျွန်တော်တို့ အရေးယူခဲ့တဲ့ အကြောင်းအရာတွေရဲ့ (၈၃%) ဟာ Facebook သုံးတဲ့သူတွေကတွေ့ပြီး မတိုင်ကြားခင်မှာ ရှာဖွေဖော်ထုတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မဲပေးရမယ့်အချိန် တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ ကျွန်တော်တို့ လုပ်ကိုင်နေတဲ့ လုပ်ငန်းစဉ်တွေအရ နိုင်ငံရေးကြော်ငြာ ထည့်ချင်တယ်ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် အတည်ပြုပြီးသား ခွင့်ပြုချက်ရထားတဲ့သူ ဖြစ်ရပါမယ်။ မြန်မာနိုင်ငံမှာနိုင်ငံရေး၊ ရွေးကောက်ပွဲနဲ့လူမှုရေး ကိစ္စရပ်တွေအတွက် ကြော်ငြာထည့်တဲ့သူတိုင်း သူတို့ကြော်ငြာတွေမှာ “ကြော်ငြာခပေးချေသူ” ဆိုတဲ့ သတိပေးချက်တစ်ခုကို ဒီတစ်ပတ်ထဲမှာ မဖြစ်မနေစပြီး ပြသသွားရတော့မှာပါ။ ဒီကြော်ငြာတွေရဲ့ ဘယ်မဲဆန္နရှင်တွေကို ရည်ရွယ်ပြီး ပြသထားတယ်၊ လူဘယ်နှစ်ဦး မြင်တွေ့ခဲ့တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်ဖို့ “ကြော်ငြာပြခန်း” တစ်ခုထဲမှာ (၇) နှစ်ကြာ ပြသပေးထားမှာပါ။ ပွင့်လင်းမြင်သာမှု စံနှုန်းနဲ့ တိုင်းတာမယ်ဆိုရင်လည်း အခုလိုပြသပေးထားတဲ့အတွက် စာစောင်နဲ့ ရုပ်သံမီဒီယာတွေမှာ ကြော်ငြာထားတဲ့ နိုင်ငံရေးကြော်ငြာတွေထက် အများကြီးပိုပြီး ပွင့်လင်းမြင် သာမှုရှိတာကို တွေ့ရမှာပါ။

Facebook ကတော့ မဲဆန္ဒရှင်တွေအနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့အတူ သူတို့စောင့် ကြည့်လေ့လာရမယ့် နိုင်ငံ ရေးသမားတွေ ဘာတွေပြောနေတယ်ဆိုတာ သိခွင့်ရှိရမယ်လို့ ယုံကြည်လက်ခံထားပါတယ်။ ဒါမှလည်း သူတို့ရဲ့ ပြောဆိုလှုပ်ရှားမှုတွေကို ထည့်ပြီး စဉ်းစားနိုင်မှာပါ။ သတ်မှတ်ထားတဲ့ စည်းမျဉ်းဥပဒေသတွေကို လိုက်နာဆောင်ရွက်နေသရွေ့ကတော့ ဒီနေရာဟာ အရောင်အသွေး စုံလင်လှတဲ့နိုင်ငံရေး အသိုင်းအဝိုင်းအမျိုးမျိုးရဲ့ အသံတွေကို ထုတ်ဖော်နိုင်မယ့် အားလုံးသုံးနိုင်တဲ့ ပလက်ဖောင်းတစ်ခု ဖြစ်နေမှာပါ။ ဒါပေမဲ့လည်း ဒါက နိုင်ငံရေးသမားတွေအနေနဲ့ ဒီနေရာမှာ သူတို့ပြောချင်တာမှန်သမျှ လာပြောလို့ရတယ်လို့ ခွင့်ပြုပေးထားတာ မဟုတ်ပါဘူး။ Facebook သုံးတဲ့သူ အားလုံးကို လူတွေအန္တရာယ်ဖြစ်လုနီးနီး အခြေအနေဖြစ်အောင် တွန်းပို့တဲ့စာစုမျိုး၊ မဲပေးတဲ့သူတွေကို မဲမပေးဖြစ်အောင် အတင်းအကြပ်တွန်းအားပေးတဲ့ စာစုမျိုးတွေမတင်အောင် တားမြစ်ထားပြီးဖြစ်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ဒီ တားမြစ်ချက်ကို လွန်ဆန်လို့ မရနိုင်ပါဘူး။

ရွေးကောက်ပွဲမဲဆွယ်တဲ့ ကာလရောက်ရင် ပလက်ဖောင်း ပေါ်မှာ သတင်းအမှားတွေကို လျှော့ချဖို့ဆိုတဲ့ လုပ်ဆောင်ချက်အပြင် Facebook အနေနဲ့ကျွန်တော်တို့ အသုံးပြုသူတွေဆီကို ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေဆီက တိကျမှန်ကန်တဲ့ အချက်အလက်တွေပဲ ရောက်အောင်ဆောင် ရွက်ပေးသွားဖို့ ကတိကဝတ် ပြုထားပါတယ်။ ဒီကတိကဝတ်အရ နိုင်ငံရေးပါတီတွေရဲ့ နိုင်ငံတော်အဆင့် တရားဝင် Facebook စာမျက်နှာတွေကို စစ်ဆေးအတည်ပြုပေးဖို့ ပြည်တွင်းမှာ မိတ်ဖက်အဖွဲ့အစည်း (၂) ခုနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။

လက်ရှိအချိန်အထိနိုင်ငံရေး ပါတီ (၄၀) ကျော်ကို အတည်ပြုပြီးတဲ့ အမှတ်အသားတစ်ခုစီ ပေးခဲ့ပြီးပါပြီ။ အတည်ပြုပြီး အမှတ်အသားဆိုတာကတော့ ပါတီတစ်ခုရဲ့ Facebook စာမျက်နှာမှာ အပြာရောင် အမှန်ခြစ်တစ်ခု ဖော်ပြ ပေးတာပါ။ ဒီလိုဖော်ပြလိုက်တဲ့အတွက် Facebook အသုံးပြုသူတွေဟာ တရားဝင် နိုင်ငံရေးပါတီ စာမျက်နှာအစစ်နဲ့ အယောင်ဆောင်စာမျက်နှာကို အလွယ်တကူ ခွဲခြားနိုင်သွားမှာ ဖြစ်ပါတယ်။ ရွေး ကောက်ပွဲကာလ အတွင်းမှာတော့ ဒီလုပ်ငန်းစဉ်ဟာ တကယ့်ကို အရေးကြီးတာပါ။

ကျွန်တော်အခု ရေးသားတင်ပြခဲ့တဲ့ လုပ်ဆောင်ချက်တွေအားလုံးဟာ Facebook ရဲ့ ပလက်ဖောင်းပေါ်တွင် မြန်မာနိုင်ငံရွေး ကောက်ပွဲရဲ့ သမာဓိကို ကာကွယ်ရာမှာ ကျရာနေရာကနေ ကူညီပေးဖို့ ကြိုးစားနေတဲ့ Facebook ရဲ့ လုပ်ငန်းစဉ်တွေထဲက သေးငယ်တဲ့ သာဓကလေး ဖြစ်ပါတယ်။

ပြီးတော့ ဒါတွေအားလုံးဟာ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်ကစပြီး လက်ရှိအချိန်အထိ ဘီလီယံနဲ့ချီတဲ့ လူတွေဆီကို WHO ၊ UNICEF Myanmar နဲ့ တခြား ယုံကြည်ရတဲ့ရင်းမြစ်တွေဆီက တိကျတဲ့ သတင်းအချက်အ လက်တွေ ရောက်အောင် ချိတ်ဆက်ပေးတဲ့ ကြိုးပမ်းချက်တွေ၊ သတင်းအချက်အလက်တွေကို အရေအတွက်များများဆီ မြန်မြန်ဆန်ဆန်နဲ့ ရောက်သွားစေမယ့် နည်းပညာကိရိယာတွေ ဖန်တီးပေးတဲ့ ကြိုးပမ်းချက်တွေအပြင် ထပ်ဆောင်း လုပ်ဆောင်ပေးခဲ့တာတွေပဲ ဖြစ်ပါတယ်။

အားလုံးသိတဲ့အတိုင်း ဒီလုပ်ဆောင်ချက်တွေဆိုတာ ပြီးပြတ်သွားတယ်ရယ်လို့ မရှိနိုင်ပါဘူး။ အွန်လိုင်းပေါ်ကနေ စည်းရုံးလှုံ့ဆော်တဲ့ နည်းနာနိဿယတွေက တစ်နေ့ထက်တစ်နေ့ တိုးတက်ပြောင်းလဲလာတော့ Facebook လိုမျိုး ပလက်ဖောင်းတွေအနေနဲ့လည်း သူ့တို့တွေထက် မဖြစ်မနေ ခြေတစ်လှမ်းသာနေရတော့မှာပေါ့။ လူမှုကွန်ရက် ကုမ္ပဏီတွေအနေနဲ့လည်း ဘယ်လောက်ထိတော့ဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပေးမယ်၊ ဘယ်အတိုင်းအတာထိ ဆိုရင်တော့ စာစုတွေကို ထိန်းချုပ်ပါမယ်ဆိုတဲ့ကြားမှာ ခွဲခြားသတ်မှတ်ဖို့အတွက် အမြဲတမ်း အငြင်းပွားစရာ ဖြစ်နေရပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်လာရင် ပိုပြီးအကဲဆတ်တတ်ကြလို့ပါ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ် အနည်းငယ်ကတည်းက ကျွန်တော်တို့ Facebook အနေနဲ့ လူအင်အား၊ နည်းပညာနဲ့ နည်းစနစ်ပိုင်းတွေမှာ သိသိသာသာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် တစ်ထောင့်တစ်နေ ရာကနေ တာဝန်သိသိနဲ့ ပါဝင်ကူညီပေးတဲ့၊ မဲဆန္ဒရှင်တွေအတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို စုံစုံလင်လင်ရပြီး ကိုယ်တိုင်ဆုံး ဖြတ်ချက် ချနိုင်အောင် ပံ့ပိုးပေးနိုင်တဲ့ ပလက်ဖောင်းတစ်ခုဖြစ်အောင် ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။