မြန်မာနိုင်ငံတစ်ဝှမ်း လှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်းများ တည်ဆောက်ခြင်းနှင့် ပတ်သတ်သက်၍ ဆက်သွယ်ရေးမှ ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝှမ်းလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်းများ တည်ဆောက်ခြင်းနဲ့ ပတ်သက်ပြီး မေ ၂၈ ရက်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ တရားဝင်အင်တာနက်စာ မျက်နှာမှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း လှိုင်းနှုန်းစဉ်တိုင်းတာရေးနဲ့ပတ်သက်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သြယ်ရေးညွှန်ကြားမှုဦးစီးဌာနဟာ ဆက်သွယ်ရေးအော်ပရေတာများ၊ ပုဂ္ဂလိက၊ ဌာနဆိုင်ရာနှင့် အခြားသော အဖွဲ့အစည်းများသို့ သတ်မှတ်ပေးထားတဲ့ လှိုင်းနှုန်းစဉ်များကို စနစ်တကျကြီးကြပ်နိုင်ရန် ၊ လှိုင်းနှုန်းနှောင့်ယှက်မှုဖြစ်ပါက တိုင်းတာစစ်ဆေးနိုင်ရန်နဲ့ တရားမဝင် လှိုင်းနှုန်း သုံးစွဲမှုများကို ရှာဖွေဖော်ထုတ်နိုင်ရန်၊ အိမ်နီးချင်းနိုင်ငံများနှင့် လှိုင်းနှုန်းစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရာတွင် အထောက်အကူပြုရန်နဲ့ တရားမဝင် ကြိုးမဲ့ဆက်သွယ်ရေးလုပ်ငန်းများ ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် Fixed Monitoring Station များကို ကမ္ဘာ့ဘဏ်ရဲ့ IDA ခေါင်းစဉ်အောက်မှ တည်ဆောက်ကာ လှိုင်းနှုန်းတိုင်းတာရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

တင်ဒါအောင်မြင်ခဲ့တဲ့ Comit-A1 Joint Venture အနေနဲ့လည်း အမြင့် (၅၀) မီတာ တာဝါတိုင်များ တည်ဆောက်၍စက်ခန်းများတွင် TCI Equipment Installation လုပ်ငန်းများကို တိုးကြောင်ကလေး၊ ရွှေပြည်သာ၊ အလုံ၊ ပြည်ကြီးတံခွန်၊ ရေကြောင်း၊ ယာဉ်ပျံ၊ ကော့သောင်း၊ တမူး၊ မြဝတီ၊ တာချီလိတ်တို့မှာ ဆောင်ရွက်ခဲ့ပြီး နေပြည်တော်ရှိ Monitoring Control Center (MCC)နဲ့ ချိတ်ဆက် ဆောင်ရွက်တိုင်းတာလျက် ရှိကြောင်းသိရပါတယ်။

လှိုင်းနှုန်းစဉ် တိုင်းတာရေး စခန်းတွေဟာ လျှပ်စစ်သံလိုက်လှိုင်းတွေကို ထုတ်လွှင့်ခြင်းမရှိဘဲ အနီးအနားရှိ လ ျှပ်စစ်သံလိုက်လှိုင်းများကို ဖမ်းယူခြင်းသက်သက်သာ ဆောင်ရွက်တာဖြစ်ကြောင်း၊ လ ျှပ်စစ်သံလိုက်လှိုင်းနဲ့ စက်ကွင်းကြောင့် အများပြည်သူအပေါ် သက်ရောက်မှုမရှိကြောင်း သိရပါတယ်။

-ကျော်ဇေယျ