မြန်မာနိုင်ငံတက္ကသိုလ်များအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ သင်ရိုးညွှန်းတမ်းများ ရေးဆွဲရေးလုပ်ငန်း စတင်

မြန်မာနိုင်ငံတက္ကသိုလ်များအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ သင်ရိုးညွှန်းတမ်းများ ရေးဆွဲရေးလုပ်ငန်း စတင်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံတက္ကသိုလ်များအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ သင်ရိုးညွှန်းတမ်းများရေးဆွဲရေး လုပ်ငန်းစတင်ခြင်းအခမ်းအနားကျင်းပသည့် ယနေ့သည် တက္ကသိုလ်များအားလုံးအတွက် အရေးပါသောနေ့တစ်နေ့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် လူမှုစီးပွားရေးလုပ်ငန်းများ တို့ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှု (IQ) နှင့် စိတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကိုစာနာပေးနိုင်မှု (EQ) နှင့် ၂၁ ရာစုကျွမ်းကျင်မှုများ ရရှိစေမည့် အဆင့်မြင့်ပညာသင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲရန် အရေးကြီးကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမြှင့်တင်ရေး၊ လူသားအရင်းအမြစ်နှင့် ကျွမ်းကျင်မှု တိုးတက်မြင့်မားရေးတို့ကို ဦးတည်သည့် သင်ရိုးညွှန်းတမ်းများကို လက်တွေ့ အကျိုးရှိ ထိရောက်စေရန် ပြင်ဆင်ရေးဆွဲ သင်ကြားသင်ယူကြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေသည် မြန်မာနိုင်ငံတက္ကသိုလ်များ၏ ဥပဒေပညာဘွဲ့နှင့် ဥပဒေပညာမဟာဘွဲ့သင်တန်းများ၌ ပင်မဘာသာရပ်တစ်ခု ဖြစ်ပြီး ဘွဲ့သင်တန်းများ၌ လိုအပ်သည့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) မှ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««