မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲ ကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲကို ဒီဇင်ဘာ ၂၂ ရက်မှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါ စာမေးပွဲကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနဲ့ အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ တစ်ပြိုင်နက် ကျင်းပစစ်ဆေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရဲ့ စာမေးပွဲများမှာ အိုင်တီပညာရှင် များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုတဲ့ ကျောင်းသား၊ ကျောင်းသူများနဲ့ အသင်းဝင်များအတွက် အရည်အချင်းအား အသိအမှတ်ပြုခံနိုင်ရေးကို ဦးတည်စစ်ဆေးတဲ့ စာမေးပွဲဖြစ်ပါတယ်။

စာမေးပွဲ အမျိုးအစားတွေကတော့ Network Associated Examination (NA Exam) နဲ့ Networik Professionals Examination (NP Exam) တို့ဖြစ်ပြီး စာမေးပွဲဖြေဆိုရမယ့် အချိန်ကတော့ ဒီဇင်ဘာ ၂၂ ရက်၊ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိဖြစ်ပါတယ်။ စာမေးပွဲကြေးမှာ NA အတွက် နှစ်သောင်းကျပ်ဖြစ်ပြီး NP အတွက် သုံးသောင်းကျပ် ကျသင့်မှာဖြစ်ပါတယ်။

အဆိုပါ စာမေးပွဲဖြေဆိုလိုသူတွေအနေနဲ့ ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထား စာရင်းပေးသွင်းရမှာဖြစ်ပြီး အသေးစိတ်ကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ ဖုန်း-၀၁- ၆၅၂၂၇၆နဲ့ ၀၉-၅၀၆၇၁၆၈ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-သန္တာ