မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့အနေနဲ့ “𝗦𝗧𝗢𝗣 𝗥𝗮𝗻𝘀𝗼𝗺𝘄𝗮𝗿𝗲 လမ်းညွှန် 𝟭.𝟰” ကို ထုတ်ပြန်

မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ်တုံ့ပြန်ရေးအဖွဲ့အနေနဲ့ “𝗦𝗧𝗢𝗣 𝗥𝗮𝗻𝘀𝗼𝗺𝘄𝗮𝗿𝗲 လမ်းညွှန် 𝟭.𝟰”ကို ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

လမ်းညွှန်ချက်မှာ အသစ်ပြင်ဆင်ချက်တွေကိုလည်း ထည့်သွင်းဖော်ပြခဲ့တာပါ။
OFFLINE KEY “lhxqPpWFK0CiFzpfdXBaKGsuOjwIW2Jm623TOft1” ကဲ့သို့ t1 ဖြင့်ဆုံးသော key တွေဟာ OFFLINE Key နဲ့တိုက်ခိုက်ခံထားရသူ မည်သူမဆို ဖိုင်တွေကို ပြန်လည်ရရှိနိုင်ကြောင်း၊ONLINE Key နဲ့ အတိုက်ခိုက်ခံထားရသူတွေ အနေနဲ့ အချို့သော extension များမှအပ မိမိတို့ရဲ့ ဖိုင်များကို ပြန်လည်ရရှိနိုင်ကြောင်း ဆိုပါတယ်။ ဒါပေမဲ့ မူရင်းဖိုင်နဲ့ encrypted ဖိုင် (၂) ဖိုင်တို့ကို mmCERT သို့ မေးလ်ပို့ပေးရန်၊ ယခင်ပေးပို့ရမယ့် ပုံစံအစား MAC Address,မူရင်းဖိုင်၊ တိုက်ခိုက်ခံရသောဖိုင်၊ PersonalID.txt နှင့် _readme.txt ဖိုင်တို့ကို incident@ncsc.gov.mm နဲ့infoteam@mmcert.org.mm တို့ထံ ပေးပို့ပေးရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်မှာ ပါ၀င်ပါတယ်။

Vidar Info Stealer ဟာ မိမိတို့ရဲ့ Browser ထဲမှာ သိမ်းဆည်းထားတဲ့ login credential များကို ခိုးယူသွားပြီး ၎င်း credential များကို အသုံးပြုခြင်း၊ အွန်လိုင်းတွင် ပြန်လည်ရောင်းချခြင်းများ ပြုလုပ်တာ ဖြစ်တဲ့အတွက် ONLINE Key ဖြင့် တိုက်ခိုက်ခံရသူတွေအနေနဲ့ မိမိတို့ရဲ့ password တွေကို အမြန်ဆုံးပြောင်းလဲပစ်ရန် လိုအပ်ကြောင်း၊ တိုက်ခိုက်ခံထားရသူတွေ အနေနဲ့ တိုက်ခိုက်ခံထားရတဲ့ဖိုင်တွေကို မည်သည့်အကြောင်းရင်းနဲ့မှ မဖျက်မိစေဖို့လည်း သတိပေးနိူးဆော်ထားပါတယ်။

တချို့သော extension များမှာ မည်သည့် ONLINE/OFFLINE KEY ဖြင့် တိုက်ခိုက်ခံရသည်ဖြစ်စေ ၁၀၀% ဖိုင်များကို ပြန်လည်ရရှိမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါ၀င်ပါတယ်။ 𝗦𝗧𝗢𝗣 𝗥𝗮𝗻𝘀𝗼𝗺𝘄𝗮𝗿𝗲 𝟭.𝟰” လမ်းညွှန်ချက် မူရင်း PDF File ကို mmCERT ရဲ့ တရား၀င် FB စာမျက်နှာကနေတစ်ဆင့် Link ရယူကာ Download ရယူနိုင်ကြောင်း နဲ့ မိမိ အတိုက်အခိုက်ခံရတဲ့ ဖိုင်ပြန်ရနိုင်ချေ ရှိ/မရှိ extension များကိုလည်း သွားရောက်တိုက်ဆိုင် စစ်ဆေးနိုင်ကြောင်း သိရပါတယ်။