မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ အွန်လိုင်းဒီပလိုမာသင်တန်းများ ဖွင့်မည်

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ Diploma in Maritime Business & Operation Management နဲ့ Diploma in Maritime Trade & Agency Business သင်တန်းတွေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ အွန်လိုင်းမှတစ်ဆင့် ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

ကုန်သွယ်ရေကြောင်းဆိုင်ရာ စီးပွားရေးစီမံခန့်ခွဲမှုလုပ်ငန်းဒီပလိုမာနဲ့ ကုန်သွယ်ရေကြောင်းနှင့် အေဂျင်စီ စီးပွားရေးလုပ်ငန်းဒီပလိုမာ Online Diploma သင်တန်းများမှာ တစ်နှစ်ကြာ​မြင့်မှာ ဖြစ်ပြီး စနေ၊ တနင်္ဂနွေ နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားရမှာ ဖြစ်ပါတယ်။ သင်တန်းသို့ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ခွင့်ရရှိသူများ တက်ရောက်နိုင်ပါတယ်။ လျှောက်လွှာတွေကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်အထိ လက်ခံပေးသွားမှာ ဖြစ်ပြီး သင်တန်းကို ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီ ၁၁ ရက် မှာဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းတက်ရောက်လိုသူတွေ အနေနဲ့ https://forms.gle/ME9BEuU6xg9j6xQu7 မှာ လျှောက်ထားရမှာဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ဖုန်း-၀၉၄၂၈၀၇၈၃၉၅ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««