
မြန်မာ ဆိုက်ဘာလုံခြုံရေး (MCM 2020) ပူးတွဲ စီစဉ်သူများ နှင့် အဖွဲ့ဝင်များသည် ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာ၊ရန်ကုန် (ဖောင်ကြီး)သို့ နိုဝင်ဘာလ ၆ရက်နေ့တွင် လှူဒါန်းငွေ ဒေါ်လာ ၅၀၀၀ (မြန်မာကျပ်ငွေ ၆,၅၀၀,၀၀၀) ကို ပေးအပ်လှူဒါန်းမူ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ လှူဒါန်းမှုဟာ စင်တာတွင် လိုအပ်သည့် အထောက်အပံ့ပစ္စည်းများနှင့်ဆေးဝါးများ အတွက်အသုံးပြုနိုင်ရန် ဖြစ်ပြီး ထိုမှတစ်ဆင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအနေဖြင့်လည်း လူနာများ နှင့် ပြည်သူလူထုကို ပိုမိုကောင်းမွန်စွာ အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ပါတယ်။
ဆိုက်ဘာလုံခြုံရေး လှုပ်ရှားမှု ကမ်ပိန်းနှင့် အဆိုပါ လှူဒါန်းမှုအားပြုလုပ်နိုင်ရန်အတွက် MCM 2020 ရဲ့ တရားဝင်မိတ်ဖက်ပါတနာ Wave Money ၊ Platinum စပွန်ဆာအဖြစ် ပါဝင်ပေးသော Google ၊ Gold စပွန်ဆာများဖြစ်ကြသည့် Facebook နှင့် Visa ၊ Silver စပွန်စာ ဖြစ်သည့် 5BB Broadband တို့မှ ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။
-သန္တာ