မြန်ဆန်တဲ့ autofocus နဲ့ 50-megapixel ကင်မရာ sensor ကို Samsung ပြသ

Samsung ဟာ ISOCELL GN1 အမည်ရ 50-megapixel ကင်မရာ sensor အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Samsung ရဲ့ dual-pixel autofocus နဲ့ Tetracell pixel-binning တို့ပါဝင်တဲ့ ကုမ္ပဏီရဲ့ ပထမဆုံး sensor ဖြစ်ပါတယ်။ အခု ပေါင်းစပ်မှုက စွမ်းဆောင်ရည်မြန်ဆန်စေကာ low-light ရုပ်ပုံအရည်အသွေး ကောင်းမွန်စေမယ်လို့ Samsung ကပြောထားပါတယ်။

Pixel အရွယ်အစားက 1.2μm ရှိပါတယ်။ Oppo Finde X2 Pro မှာအသုံးပြုထားတဲ့ Sony ရဲ့ IMX689 sensor မှာ 1.22 μm အရွယ် 48 megapixel အသုံးပြုထားပါတယ်။ Samsung ရဲ့ sensor က pixel ၄ ခုကို တစ်ခုတည်းပေါင်းပြီး 12.5-megapixel ဓာတ်ပုံတွေ ရိုက်ကူးပေးနိုင်ပါတယ်။ ဒီလအတွင်း အခု sensor ကို အမြောက်အမြားထုတ်လုပ်မယ်လို့ Samsung ကပြောထားပါတယ်။ မကြာမီအတွင်း ဖုန်းတွေမှာ ISOCELL GN1 sensor တွေပါဝင်လာတော့မှာပါ။

စိုးထက်
Ref: TheVerge