မျိုးဆက်သစ် Z Flip ဖုန်းမှာ 120Hz display ပါဝင်လာနိုင်

Samsung ဟာ Galaxy Z Flip နဲ့ Z Flip 5G ဖုန်းတွေကို ထုတ်လုပ်ထားပါတယ်။ ထွက်လာတဲ့ သတင်းအရ ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်မှာ မျိုးဆက်သစ် Galaxy Z Flip ဖုန်းထွက်လာနိုင်ပါတယ်။ သတင်းအချက်အလက်ဖော်ထုတ်သူ IceUniverse ကတော့ Galaxy Z Flip3 လို့ရည်ညွှန်းပြီး အချက်အလက်အနည်းငယ် ဝေမျှလိုက်ပါတယ်။

Z Flip3 မှာ 120Hz AMOLED display ပါဝင်လာနိုင်ပါတယ်။ Samsung ရဲ့ Galaxy Z Fold2 နဲ့ Galaxy Note20 Ultra ဖုန်းက display တွေနဲ့ တူပါတယ်။ Z Flip အသစ်မှာ ဘေးဘောင်မပါဘဲ ကိုယ်ထည်ကျဉ်းမြောင်းတယ်လို့ သိရပါတယ်။

အရင်မော်ဒယ်တွေထက် ဈေးသက်သာလာပါမယ်။ Z Flip အသစ်မှာ စတူရီယိုစပိကာနဲ့ ၂၀၂၁ ခုနှစ် မတ်လမှာ ရောင်းချဖွယ်ရှိပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««